လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ဗုံးသီးများဖမ်းဆီးရမိ


မုနိမြီ၊ အောက်တိုဘာ ၃၀

အောက်တိုဘာလ ၂၉ ရက်နေ့ ၊ ည ၈း၄၅ နာရီအချိန်က မိုးဗြဲ - လွိုင်ကော်သွားကားလမ်းမပေါ်ရှိ ကုန်းသာကျေးရွာအုပ်စု ၊ ဆောင်ကန်းကျေးရွာအနီး၌ ဖယ်ခုံဘက်မှ လွိုင်ကော်ဘက်သို့ မောင်လောင် မောင်းနှင်လာသော YGN – 8I / 6231 နံပါတ်ပါ TOYOTA MAJESTA CROWN အမျိုးအစား အနက်ရောင် ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး အပြား(၁) သောင်း နှင့် အနက်ရောင် ပစ္စတိုသေနတ် (၁) လက် ၊ အစိမ်းရောင်လက်ပစ်ဗုံး (၁)လုံး တို့အား ဖမ်းဆီးရရှိခဲ့သည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၀) လွိုင်ကော်မှ တပ်ဖွဲ့စုမှူး ရဲမှူးဝင်းနိုင် ဦးစီးအဖွဲ့ ၊ ခလရ (၂၆၁)မှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး မင်းသက်တင် ၊ သတင်းတပ်ဖွဲ့မှ တပ်ကြပ်ကြီး နေလင်းစိုး ၊ စရဖမှ ဗိုလ်ကြီးသက်စိုး၊ ပြည်နယ် မှု/ကူမှ ရဲအုပ်ခင်ကိုကို ၊ စရက(၂) မှ ဗိုလ်ကြီးစိုးမြင့်အောင် ပူးပေါင်းအဖွဲ့တို့က သက်သေများနှင့် အတူ မူးယစ်ဆေးဝါးသတင်းများအရ ဖယ်ခုံဘက်မှ လွိုင်ကော်ဘက်သို့ မောင်လောင် တစ်ဦးတည်း မောင်းနှင် လာသော TOYOTA MAJESTA CROWN အမျိုးအစား အနက်ရောင်ယာဉ်အား ရှာဖွေစစ်ဆေးခဲ့ရာ မောင်လောင်၏ ဘောင်းဘီခါးကြားနောက်မှ ရှမ်းစက္ကူဖြင့်ထုတ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေး ပြား (၂)ထောင်ပါ ၅ ထုတ် ၊ ကာလတန်ဖိုးအားဖြင့် ၂၅၀၀၀၀၀၀ိ/- ကျပ်၊ 9mm ကျည် (၁၈)တောင့် ထည့်ထားသည့် SIG SAUER အမျိုးအစား 58C250420 နံပါတ်ပါ အနက်ရောင် ပစ္စတိုသေနတ် ၁ လက်ကိုလည်းကောင်း၊ MG1 အမျိုးအစား အစိမ်းရောင် လက်ပစ်ဗုံး ၁ လုံး၊ HOMTOM အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း ၁ လုံး တို့ကိုလည်းကောင်းအတူတွေ့ရှိ ဖမ်းဆီးရရှိမိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဖြစ်စဉ်များကြောင့် မောင်လောင် အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

နိုင်ငံတော်မှတ်ကြီး(လွိုင်ကော်)
Munimary News Agency
https://www.facebook.com/munimarynews/
လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ဗုံးသီးများဖမ်းဆီးရမိ လွိုင်ကော်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်နက်/ဗုံးသီးများဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:34 Rating: 5
Powered by Blogger.