အန္တရာယ်ရှိသည်ဟုဆိုကာ သတင်းထောက်များကို စစ်တွေထောင်ဗူးဝမှ နောက်ထပ်ကိုက် ၁၀၀ အကွာသို့ဆုတ်ခိုင်း

(ဓာတ်ပုံ- ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က စစ်တွေထောင်ရှေ့မြင်ကွင်း)
နိရဉ္စရာ၊ အောက်တိုဘာ ၆

အန္တရာယ်ရှိသည်ဟု ဆိုကာ သတင်းထောက်များ၊ ကြည့်ရှုနေသူများကို ထောင်ဗူးဝမှ နောက်ထပ် ကိုက် ၁၀၀ အကွာသို့ ရဲတာဝန်ရှိသူများက ဆုတ်ခိုင်းသည်ဟု သိရသည်။ သို့အတွက် ထောင်ဗူးဝမှ ကိုက် ၂၀၀ အကွာခန့်မှ အခြေအနေကို ကြည့်ရှုနေရသည်ဟု ဆိုသည်။

မည်သည့်အတွက် အန္တရာယ်ရှိသည်ဆိုခြင်းကိုမူ ရဲအရာရှိမှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိဟုသိရသည်။

(ဓာတ်ပုံ- ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က စစ်တွေထောင်ရှေ့မြင်ကွင်း)
ယနေ့နံနက်ကတည်းက ဖြစ်ပွားနေသော စစ်တွေထောင် ပြသနာမှာ ယခု သတင်းတင်ပြချိန် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်ထိ ပြေလည်မှု မရသေးကြောင်း သိရသည်။

ထောင်ဗူးဝတွင် ရဲတပ်ဖွဲ့ဝင်များကို တင်းကျပ်စွာချထားပြီး ထောင်ထဲတွင် မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို တစ်စုံတစ်ရာ အာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း နိရဉ္စရာ သတင်းထောက်က ပြောဆိုသည်။

Narinjara
https://www.facebook.com/Narinjara
အန္တရာယ်ရှိသည်ဟုဆိုကာ သတင်းထောက်များကို စစ်တွေထောင်ဗူးဝမှ နောက်ထပ်ကိုက် ၁၀၀ အကွာသို့ဆုတ်ခိုင်း အန္တရာယ်ရှိသည်ဟုဆိုကာ သတင်းထောက်များကို စစ်တွေထောင်ဗူးဝမှ နောက်ထပ်ကိုက် ၁၀၀ အကွာသို့ဆုတ်ခိုင်း Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.