စစ်တွေအကျဉ်းထောင် ဆူပူမှုဖြစ် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတိုးမြှင့်ထား


စစ်တွေ၊ အောက်တိုဘာ ၆၊ ၂၀၁၈။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အကျဉ်းထောင် ဆူပူမှုဖြစ်၍ အနီးအနားတွင် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်အတွင်းရှိ အကျဉ်းသားအချို့သည် အောက်တိုဘာ ၆ ရက်နေ့၊ နံနက် ၈ နာရီခွဲခန့်က ဆူပူမှုဖြစ်ပွားခဲ့၍ဟုဆိုကာ ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ထားခြင်းဖြစ်သည်။

"အထဲမှာ ဘာဖြစ်တယ်တော့ မသိရဘူး။ ကျမတို့ကိုလည်း ဝင်ခွင့်မပေးဘူး"ဟု ထောင်ဝင်စာလာတွေ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ထောင်အနီးဝန်းကျင်တွင်လည်း လုံခြုံးရေးရဲကားများကို အသင့်ထားရှိပြီး ထောင်အတွင်းသို့ ရဲတပ်ဖွဲ့ဝင်အချို့လည်း ဝင်ရောက်သွားကြသည်ဟုလည်း လာရောက်ကြည့်ရှုသူများက ပြောသည်။

အသေးစိတ်ကိုသိနိုင်ရန် ထောင်အာဏာပိုင်များနှင့် ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
စစ်တွေအကျဉ်းထောင် ဆူပူမှုဖြစ် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတိုးမြှင့်ထား စစ်တွေအကျဉ်းထောင် ဆူပူမှုဖြစ် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတိုးမြှင့်ထား Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.