ရသေ့တောင်မြို့နယ် ဖြူချောင်းကျေးရွာတွင် ပါတီ ၃ခု၏ ဆိုင်းဘုတ်များဖျက်ဆီးခံရ


နိရဉ္စရာ၊ အောက်တိုဘာ ၂၇

ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဖြူချောင်းကျေးရွာတွင် ပါတီ သုံးခု၏ ဆိုင်းဘုတ်များ အောက်တိုဘာ ၂၆ ညဥ့်အချိန်တွင် ဆုတ်ဖြဲ ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းရရှိသည်။

၎င်းပါတီများမှာ ရခိုင်အမျိုးသားပါတီ ANP/ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တို့၏ ဆိုင်းဘုတ်များဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ကူတောင်ရဲစခန်းမှ အဆိုပါ ကျေးရွာသို့ လာရောက်စစ်ဆေးသွားခဲ့သည်ဟုလည်း သတင်းရရှိသည်။

ထိုသို့ ဆိုင်းဘုတ်များ ဖျက်ဆီးံခံခဲ့ရသဖြင့် ဖြူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးမှ မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ ထူးခြားဖြစ်စဉ်အနေဖြင့် စာရေးတင်ပြထားသည်ဟု သိရှိရသည်။

Narinjara
https://www.facebook.com/pg/Narinjara-151742128171206
ရသေ့တောင်မြို့နယ် ဖြူချောင်းကျေးရွာတွင် ပါတီ ၃ခု၏ ဆိုင်းဘုတ်များဖျက်ဆီးခံရ ရသေ့တောင်မြို့နယ် ဖြူချောင်းကျေးရွာတွင် ပါတီ ၃ခု၏ ဆိုင်းဘုတ်များဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.