ဘားအံမြို့နယ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား


ဘားအံ အောက်တိုဘာလ ၂၅

ကရင်ပြည်ဘားအံမြို့နယ်၊ ကော့ကဒါကျေးရွာအုပ်စု၊ ကော့တာကျေးရွာတွင် အောက်တိုဘာလ ၂၅ ရက်နေ့ ညဦးပိုင်းကနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇နာရီ ၄၅ မိနစ် အချိန်ခန့် ဘားအံမြို့ နယ် ၊ကော့ကဒါကျေးရွာအုပ်စု၊ ကော့တာကျေးရွာ နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ အိန္ဒုနယ်မြေရဲစခန်းနယ်ထိန်းတပ်ဖွဲ့ဝင်များမှ ကော့ကဒါကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခွန်အုန်းမောင်၊ ရာအိမ်မှူးစောရွှေသန်း အိန္ဒုမီးသတ်တပ်ဖွဲ့ဝင်ဒုတပ်ကြပ်စောဆဲကလိုမူးထူးဦးစီးအဖွဲ့က မီးသတ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ကာ ကျေးရွာသူ/သားများနှင့် ဝိုင်းဝန်ငြိမ်းသတ်ခဲ့ရာ ပတ်ဝန်းကျင်သို့ မီးကူးစပ်လောင်ကျွမ်းခဲ့ခြင်းမရှိဘဲ ည ၈ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်သွားခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးချက်များအရ ဘားအံမြို့နယ်ကော့ကဒါကျေးရွာအုပ်စု ကော့တာကျေးရွာနေ နန်းသိန်းကြည် အသက်( ၄၆-နှစ် )သည် ည ၇နာရီအချိန်ခန့်က တစ်ရွာတည်းနေမိခင်ဖြစ်သူနေအိမ်သို့ မိသားစုနှင့်အတူ ထမင်းစားရန် သွားရောက်ခဲ့စဉ် နေအိမ်ဧည့်ခန်းအတွင်း သမီးဖြစ်သူ စာကြည့်ရန်အတွက် ထွန်းထားသော ဖရောင်းတိုင်မီးကို ငြိမ်းသတ်ခဲ့ခြင်းမရှိဘဲ ထားခဲ့ရာမှ မီးကူးစပ်လောင်ကျွမ်းခဲ့မှ အလျှား ၃၀ ပေ အနံ ၁၅ ပေ အမြင့် ၂၀ ပေ (၄ ပင် ၃ ပင် )သွပ်မိုး ပျဉ်ကာ ပျဉ်ခင်း အောက်ခံအုတ်တိုက်နှစ်ထပ်အိမ်မှာ မီးလောင်ဆုံးရှုံးသွားပြီး ဆုံးရှုံးမှုတန်ဘိုး ကျပ်ငါးသိန်းခန့်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲသူ နန်းသိန်းကြည်အား အိန္ဒုနယ်မြေရဲစခန်းက (ပ) ၁၃၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

နေလင်း(ဒေါနမြေ)
ဘားအံသတင်း
https://www.facebook.com/pg/Hpaannews.kayin
ဘားအံမြို့နယ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား ဘားအံမြို့နယ်တွင် ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 04:56 Rating: 5
Powered by Blogger.