မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာရှိ ကျောက်ထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုဖြစ်ပွာ


မတ္တရာ အောက်တိုဘာ ၈

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာရှိ ရွှေသစ်စတင်ချိန် သလင်းကျောက် ထုတ်လုပ်ရေး စက်ရုံတွင် အောက်တိုဘာလ ၇ရက် ည ၈နာရီအချိန်က ဝါယာကြိုး အပူ လွန်ကဲမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မတ္တရာမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်း ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦး၊ မီးသတ်ရေယာဉ်တစ်စီး၊ အမှတ်(၂) အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီး၊ ရေနံ့သာအရန်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၄ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၈နာရီ ၄၅မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၉နာရီ အချိန်တွင် မီးလုံးဝ ငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ဝန်ထမ်းနေအဆောင် (၈၀ပေ- ၄၀ပေ) နှင့် သိုလှောင်ခန်း (၄၀ပေ-၃၀ပေ) ရှိ ထရံကာ၊ သွပ်မိုး၊ မြေစိုက် အဆောက်အဦ တစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်ကြောင့် မီးပေါ့ဆသူ တာဝန်ခံ ဦးဇော်မျိုးသန့်အား ရေနံ့သာနယ်မြေစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာရှိ ကျောက်ထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုဖြစ်ပွာ မတ္တရာမြို့နယ် ညောင်အုပ်ကျေးရွာရှိ ကျောက်ထုတ်လုပ်ရေး စက်ရုံ မီးလောင်မှုဖြစ်ပွာ Reviewed by THITHTOOLWIN on 20:24 Rating: 5
Powered by Blogger.