ဇနီးမောင်နှံနှစ်ဦး မကျည်းပင်အောက်မိုးခိုနေစဉ် မိုးကြိုးပစ်၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ


တပ်ကုန်း အောက်တိုဘာ ၈

ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် (တောင်ပို့သာ) ရဲစခန်းနယ်ပိုင်၊ ကျောက်စရစ်ကုန်း ကျေးရွာအုပ်စု၊ ကျွဲလည်ပင်ကျေးရွာတွင် အောက်တိုဘာ ၇ရက် ညနေ ၆နာရီ မိနစ်၂၀ခန့်က ဇနီးမောင်နှံနှစ်ဦး မကျည်းပင်အောက် မိုးခိုနေစဉ် မိုးကြိုးပစ်ချခံခဲ့ရသဖြင့် တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာ ရရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်စရစ်ကုန်းကျေးရွာအုပ်စု၊ ကျွဲလည်ပင်ကျေးရွာ၏ အနောက်ဘက် ကိုက်(၅၀၀)ခန့် အကွာ ယာတောအတွင်း တောင်သူလုပ်ငန်း လုပ်ကိုင်နေစဉ် မိုးရွာသွန်းလာ၍ မကျည်းပင်အောက်၌ မိုးခို နေသည့် ကိုနေလင်း (၃၃)နှစ်နှင့် မဇင်မာဝင်း(၃၂)နှစ်တို့ ဇနီးမောင်နှံသည် မိုးကြိုးပစ်ချခံခဲ့ရပြီး နှစ်ဦးစလုံး ဒဏ်ရာများရရှိ၍ တပ်ကုန်းကုတင် (၁၀၀)ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူနေစဉ် အတွင်း ဇနီးဖြစ်သူသည် ၄င်းဒဏ်ရာများဖြင့် ကုတင်(၁၀၀)ဆေးရုံတွင် သေဆုံးသွားခဲ့သည်။ မဇင်မာဝင်း သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးရခြင်း ဟုတ်/မဟုတ် (တောင်ပို့သာ) ရဲစခန်းမှ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဇနီးမောင်နှံနှစ်ဦး မကျည်းပင်အောက်မိုးခိုနေစဉ် မိုးကြိုးပစ်၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ ဇနီးမောင်နှံနှစ်ဦး မကျည်းပင်အောက်မိုးခိုနေစဉ် မိုးကြိုးပစ်၍ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.