ဂျော်ဒန်နိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံး

အချင်းဖြစ်ပွားသည့်နေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ)
အမ္မန် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

 ဂျော်ဒန်နိုင်ငံတွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ မြို့ပြင်တွင် အလည်အပတ်ခရီးစဉ်သွားနေသည့်  စာသင်ကျောင်း တစ်ကျောင်းမှ ဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများ အန္တရာယ်ကြုံတွေ့နေရကြောင်း ၊ လက်ရှိတွင် ဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများအပါအ၀င် လူ ၁၈ ဦး သေဆုံးပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း ဂျော်ဒန် ၀န်ကြီးချုပ်ရုံးက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံတွင် အောက်တိုဘာ ၂၅ ရက်က နေရာအနှံ့တွင် မိုးသက်လေပြင်းကျရောက်ခဲ့ကြောင်း ၊ အချင်းဖြစ်ပွားသည့်နေရာသည် မြို့တော် အမ္မန်(Amman) အနောက်တောင်ပိုင်း ၆၀ ကီလိုမီတာ ခန့်ရှိ Zara Maeen ရေပူစမ်းတစ်လျှောက်တွင်ဖြစ်ကြောင်း၊ ၄င်းနေရာမှာ လျှိုမြောင်များရှိရာ မိုးသက်လေပြင်းကျရောက်ပြီးနောက် ရေကြီးရေလျှံမှုဖြစ်ပွားရာ မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အချင်းဖြစ်ပွားသည့်နေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ) 

အချင်းဖြစ်ပွားသည့်နေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ) 

အချင်းဖြစ်ပွားသည့်နေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ) 

အချင်းဖြစ်ပွားသည့်နေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ) 

အချင်းဖြစ်ပွားသည့်နေရာတွင် ကူညီကယ်ဆယ်မှုများ ပြုလုပ်နေစဉ်(ဆင်ဟွာ) 

အမ္မန်ရှိ ပုဂ္ဂလိကကျောင်းတစ်ကျောင်း၏ ဆရာဆရာမများနှင့်ကျောင်းသူကျောင်းသားများက  Zara Maeen ရေပူစမ်းသို့ အလည်အပတ်ခရီးစဉ်သွားနေရာ ရေကြီးရေလျှံမှုဖြစ်ပွားချိန်တွင် လျှိုမြောင် အတွင်း ပျော်ပွဲစားလုပ်နေချိန်ဖြစ်ကြောင်း ၊ ထိုနေရာတွင် ၄င်းတို့အပြင် အခြားသူများလည်း ရှိနိုင် ကြောင်း ၊ အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူအများစုမှာ ကျောင်းသူကျောင်းသားများဖြစ်ကြောင်း ၊ ဂျော်ဒန်အစိုးရက ကူညီကယ်ဆယ်မှု များပြုလုပ်ရန် အချင်းဖြစ်နေရာသို့ ရဟတ်ယာဉ်၊သင်္ဘောနှင့် ရေငုပ်သမားများ စေလွှတ်ထားကြောင်း ၊ လူ ၃၄ ဦးကို ကယ်ဆယ်ထားပြီဖြစ်သော်လည်း လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဂျော်ဒန် ဘုရင်  Abdullah II က သက်ဆိုင်ရာဌာနများအား ညွှန်ကြား၍ လိုအပ်သည့် ကူညီ ကယ်ဆယ်မှုများကို အစွမ်းကုန်ပြုလုပ်ရန် ၀န်ကြီးချုပ် Omar Razzaz အား မှာကြားထား ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂျော်ဒန်နိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံး ဂျော်ဒန်နိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူပေါင်း ၁၈ ဦး သေဆုံး Reviewed by THITHTOOLWIN on 21:27 Rating: 5
Powered by Blogger.