မိုးကောင်းမြို့နယ်၌ ရထားကြိတ်၍ အမျိုးသားတစ်ဦးသေဆုံး


မိုးကောင်း အောက်တိုဘာ ၂၆

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ထိုပူးဘူတာနှင့် ဆားမှော်ဘူတာကြား၌ အောက်တိုဘာ၂၆ရက်နံနက်က အမျိုးသားတစ်ဦး ရထားကြိတ်မိသေဆုံးနေကြောင်း မိုးကောင်းမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၁၁နာရီ၄၅မိနစ်ခန့်က မိုးကောင်းမြို့နယ်၊ထိုပူးဘူတာနှင့် ဆားမှော်ဘူတာကြား မီးရထားမိုင်တိုင်အမှတ် ၆၈၀/၉ နှင့် ၆၈၀/၁၀ ကြားတွင် ရထားကြိတ်မိသေဆုံးနေသည့် အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်းသတင်းအရ မိုးကောင်းမြို့မရဲစခန်းမှ ဒုတိယရဲအုပ်မောင်မျိုး ဦးစီးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုရာ သေဆုံးသူမှာ စိတ်ကျန်းမာရေးချို့တဲ့နေသူ ဦးတင်ထွန်း(၇၀)နှစ်ခန့် နေရပ်လိပ်စာ(စုံစမ်းဆဲ)ဖြစ်ပြီး RGC သံလမ်းပြင်ရထားခုတ်မောင်းဖြတ်သန်းစဉ် တွေ့ရှိခဲ့၍ ထိုပူးဘူတာရုံပိုင်မှတစ်ဆင့် မိုးကောင်းမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးတင်ထွန်းသေဆုံးမှုမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်ကို သိရှိနိုင်ရန် မိုးကောင်းမြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
မိုးကောင်းသတင်းမီဒီယာ
https://www.facebook.com/mogaungnews.media/
မိုးကောင်းမြို့နယ်၌ ရထားကြိတ်၍ အမျိုးသားတစ်ဦးသေဆုံး မိုးကောင်းမြို့နယ်၌ ရထားကြိတ်၍ အမျိုးသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.