နေပြည်တော်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ


နေပြည်တော်၊ အောက်တိုဘာ ၂၉၊ ၂၀၁၈။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ကျွန်းချောင်း ၂ လမ်းရှိ AUNG MYIN CHAN THAR CONSTRUCTION , WE & WE INTERIOR DESIGN DECORATION Co.,Ltd ကုမ္ပဏီပိုင်ရှင်အမျိုးသမီးသည် နေအိမ်ရေချိုးခန်းအတွင်း ဒူးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခုလုံး မီးကျွမ်းကာ သေဆုံးနေမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့သေဆုံးမှုအား အောက်တိုဘာလ ၂၈ ရက်နေ့က ကုမ္ပဏီဝန်ထမ်း ကိုအောင်ကျော်ဦးနှင့် ဇနီး မသန္တာစိုးတို့ သည် မီးပူတိုက်ပြီးသော အ၀တ်အထည်များ ပြန်လာပို့စဉ် ခြံတံခါးပွင့်နေခြင်းနှင့် အိပ်ခန်းအတွင်းမှ မီးခိုများထွက်နေသည်ကို တွေ့ရှိရ၍ ၎င်းတို့ ၂ ဦးက ရေမီးတာဝန်ခံကို သွားရောက်ခေါ်ယူခဲ့ကြောင်း ရဲစစ်ချက်၌ ထွက်ဆိုထားသည်။

ရေမီးတာဝန်ခံမှလည်း မီးမိန်းခလုတ်များ ပိတ်ပြီး နေအိမ်အတွင်း လိုက်လံစစ်ဆေးခဲ့ရာ ကုပ္ပဏီပိုင်ရှင် အမျိုးသမီးသည် ရေချိုးခန်း/အိမ်သာအတွင်း မီးလောင်ကျွမ်းသေဆုံးနေသည်ကို မြင် တွေ့ရှိခဲ့ရကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒုရဲမှူးတင်ဌေးမှ တရားလိုပြုလုပ်ပြီး မမစ (ဘုရားကုန်း) အမှုကြီးအမှတ်စဉ် ၂/၂၀၁၈ ၊ (ပ) ၆၆/၂၀၁၈ ၊ ရာဇာသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူဆောင်ရွက်နေကြောင်း သိရှိရသည်။

ကြယ်စင်ခ (နေပြည်တော်)
CentralNewsMyanmar
NaypyitawNews
https://www.facebook.com/CNMyanmar/
နေပြည်တော်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ နေပြည်တော်တွင် အမျိုးသမီးတစ်ဦး အသတ်ခံရ Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.