ရေဖြူတွင် မြေမြှုပ်မိုင်းပေါက်ကွဲ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ဒေသခံတစ်ဦးဒဏ်ရာရ


ရေဖြူ အောက်တိုဘာ ၃ဝ
=================
တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်း ကျေးရွာအနီးတွင် မြေမြှုပ်မိုင်းနင်း မိပေါက်ကွဲသောကြောင့် မွန်ပြည် သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ဒေသခံ ကွမ်းသီးခြံပိုင်ရှင်တစ်ဦးတို့ ထိခိုက် ဒဏ်ရာရရှိသည်ဟု မွန်ပြည်သစ် ပါတီနှင့် ဒေသခံတို့ထံမှ သိရ သည်။

ယမန်နေ့ နံနက် ၁၁ နာရီက ရေးမြို့နယ် ဟံဂံကျေးရွာခံ မင်း ချမ်းမွန်(ခ)အဗလိုင်း (၃ဝနှစ်) သည် ရေဖြူမြို့နယ် အလယ် စခန်းကျေးရွာအနီးရှိ ကွမ်းသီး ခြံသို့အဝင်လမ်းမဘေးတွင်မြေမြှုပ် မိုင်းနင်းမိသဖြင့်ခြေထောက်ထိခိုက် ဒဏ်ရာရရှိကာ မော်လမြိုင်ဆေးရုံ ကြီးတွင်တက်ရောက်ဆေးကုသခံ နေရသည်ဟု မြေမြှုပ်မိုင်းနင်းမိ သူ၏ အစ်ကိုဖြစ်သူနိုင်ရိန်းကပြော သည်။

''ထိတာကခြေနှစ်ဖက်စလုံး ထိတယ်။ လက်တွေမှာတော့ ခြစ်မိတာရှိတယ်။ ယာခြေတစ်ဖက် ကတော့ ဖြတ်ပစ်ရမယ်လို့တော့ ဆရာဝန်ကပြောတယ်။ ဝဲခြေက တော့အထိနည်းတယ်။ဆရာဝန် တွေ သေချာစိစစ်ပြီးမှ သေချာ သိရမှာ။ ဖြစ်တာက ယခုလ ၂၈ရက် က နံနက် ၁၁ နာရီလောက်မှာဖြစ် သွားတယ်။ သူက (မိုင်းနင်းမိသူ) ခြံမှာကျန်ခဲ့တဲ့ ထမင်းအိုးသွား ယူတာ။ ခြံနှစ်ခြံ ကြားမှာလမ်းရှိ တယ်။ ကားလမ်းပေါ့။ အဲလမ်းမှာ ပဲနင်းမိတယ်'' ဟု ၄င်းကပြော သည်။
အဆိုပါဒေသတွင် ခြံသွား ရောက် လုပ်ကိုင်နေသည်မှာ ၁ဝ နှစ်ကျော်ကြာရှိခဲ့ပြီး မြေမြုပ်မိုင်း နင်းမိသည့်ဖြစ်စဉ်မျိုးနှင့် မကြုံဖူး သလို ကြားလည်းမကြားဖူး ကြောင်း နိုင်ရိန်းကဆက်ပြော သည်။

ယခုလ ၁၅ ရက်ကလည်း လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေ သည့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင် တစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဝဲခြေထောက် ထိခိုက်ဒဏ်ရာ ရှိခဲ့ကာ ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ဆေးရုံတွင် တက်ရောက်ဆေးကုသ ခံနေရပြီး ဝဲခြေတစ်ဖက် ဖြတ် တောက်ခံထားရသည်ဟု မွန်ပြည် သစ်ပါတီထံမှ သိရသည်။

အဆိုပါ မြေမြှုပ်မိုင်းပေါက် ကွဲမှုဖြစ်ပွားသည့်ဒေသတွင် မွန် ပြည်သစ်ပါတီ(NMSP)နှင့်ကရင် အမျိုးသားအစည်းအရုံး(KNU) တပ်ဖွဲ့တို့ လှုပ်ရှားရာနယ် မြေ ဒေသဖြစ်ပြီး မြန်မာ့တပ်မတော် တပ်ရင်း တပ်ဖွဲ့တို့မှလည်း တစ်ခါ တစ်ရံလှုပ်ရှားသွားလာလေ့ရှိ သည့်နယ်မြေဒေသဖြစ်သည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ပစ်ခတ်ရပ်စဲခဲ့သည့် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် မြေမြှုပ်မိုင်းအသုံး ပြုမှုမရှိခဲ့ကြောင်း၊ ယခုဖြစ်ပွား ခဲ့သည့်မြေမြှုပ်မိုင်း ပေါက်ကွဲမှုဖြစ် စဉ်သည်လည်း ၄င်းတို့တပ်ဖွဲ့မှ မြေမြုပ်မိုင်းများ မဟုတ်ကြောင်း ပြောသည်။

''မွန်ပြည်သစ်ပါတီအနေနဲ့ မြေမြှုပ်မိုင်းအသုံးမပြုဘူးဆိုတာ လက်မှတ်ထိုးထားတာမရှိပေမယ့် ၉၅ နောက်ပိုင်းမှာ မြေမြှုပ်မိုင်းအ သုံးပြုတာမရှိခဲ့ဘူး။ လိုအပ်ချက် အရ အသုံးပြုဖို့ရှိလာရင်လည်း ဒေသခံပြည်သူတွေကိုအသိပေးရ မယ်။ အချိန်ကာလသတ်မှတ်ချက် နဲ့ ၁ဝ ရက်လား နှစ်ပတ်လားပြီး တာနဲ့ ပြန်ဖြုတ်ရတယ်'' ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မ တီဝင် နိုင်ဟံသာဗွန်ခိုင်းကပြော သည်။

မွန်ပြည်သစ်ပါတီထားဝယ်ခရိုင် အမှတ် (၂) တပ်ရင်းလက်အောက်ရှိ မြို့နယ်တပ်ဖွဲ့ခွဲနှင့်KNU တပ်မဟာ (၄) လက်အောက်ခံတပ်ရင်း ၁ဝ တို့ လှုပ်ရှားရာ တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ်အတွင်း တွင် နယ်မြေအငြင်းပွားမှုကြောင့် ၂ဝ၁၆/၂ဝ၁၇ ခုနှစ်တွင် ခြောက် ကြိမ်ထက်မနည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

The Union Daily
https://www.facebook.com/pg/uniondaily.net
ရေဖြူတွင် မြေမြှုပ်မိုင်းပေါက်ကွဲ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ဒေသခံတစ်ဦးဒဏ်ရာရ ရေဖြူတွင် မြေမြှုပ်မိုင်းပေါက်ကွဲ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့်ဒေသခံတစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.