အမေရိကန်ဂျူးဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ်


အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေဒနီးယားပြည်နယ်ရဲ့ အဓိကမြို့ဖြစ်တဲ့ Pittsburg က Tree of Life ဂျူးဘုရားကျောင်းမှာ မကြာသေးခင်အချိန်ပိုင်းကလေးက ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး သေနတ်သမားကို သိပ်မကြာခင်မှာပဲ ဖမ်းဆီးမိသွားခဲ့ပါတယ်။ ပစ်ခတ်မှုမှာ ရဲ အရာရှိ ၃ ဦးလည်း ထိသွားပြီး အများအပြားထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

အခုချိန်ထိ ၀င်လာတဲ့ သတင်းတချို့ မှာတော့ လူအနည်းဆုံး ၄ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ အဲဒီဘုရားကျောင်းမှာ ဘုရားရှိခိုးနေကြချိန်ဖြစ်ပါတယ် လို့ ရဲဌာနပြောခွင့်ရသူ Jason Lando က ပြောပါတယ်။ ဂျူးနွယ်ဖွားအများစုနေထိုင်တဲ့ အဲဒီ Squirrel Hill ရပ်ကွက်မှာတော့ ရဲကားတွေအများကြီးရောက်နေတာကို မီဒီယာပေါ်က ရုပ်သံသတင်းတွေမှာ တွေ့ရပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/
အမေရိကန်ဂျူးဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ် အမေရိကန်ဂျူးဘုရားကျောင်းမှာ ပစ်ခတ်မှုဖြစ် Reviewed by THITHTOOLWIN on 04:57 Rating: 5
Powered by Blogger.