စီမံကိန်း ၃ ခုကြောင့် လယ်ယာမြေဆုံးရှုံးသူတွေ ဆန္ဒပြ

မကွေးတိုင်းအတွင်း မြစ်ရေတင်စီမံကိန်း၊ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်း၊ ပြည်တွင်းသုံးဂက်စ်ပိုက်လိုင်း စီမံကိန်းတွေကြောင့် လယ်ယာမြေဆုံးရှုံးသူတွေ ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဆန္ဒပြစဉ် / ဓာတ်ပုံ - ဇော်တူး/RFA
မကွေးတိုင်းအတွင်း မြစ်ရေတင်စီမံကိန်း၊ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်း၊ ပြည်တွင်းသုံးဂက်စ်ပိုက်လိုင်း စီမံကိန်းတွေကြောင့် အမှန်တကယ် လယ်ယာမြေဆုံးရှုံးသွားတဲ့ တောင်သူတွေက လျော်ကြေးနစ်နာကြေး ရရှိဖို့ဆိုပြီး တောင်သူ ၂၀၀ လောက်က မကွေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

မြစ်ရေတင်စီမံကိန်းကြောင့် မြေယာဆုံးရှုံးပျက်စီးသွားတဲ့ မကွေးမြို့နယ် ထုံးပေါက်တော (ဒဘောက်တော) ရွာသူ မအေးမြို့ က ပြောပါတယ်။

၂၀၀၁ ခုနှစ်ဝန်းကျင်က မကွေးမြို့နယ်မှာ တည်ဆောက်တဲ့ သဖန်းဆိပ်မြစ်ရေတင်စီမံကိန်း၊ ၂၀၀၇ ခုနှစ်လောက်က ရေနံချောင်း-ချောက်မြို့နယ်တွေကနေ ရှမ်းပြည်ကို ဆက်ထားတဲ့ ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ၂၀၁၂ ၀န်းကျင်က ဖောက်လုပ်တဲ့ မကွေး-နတ်မောက် ရထားလမ်းစီမံကိန်းတွေကြောင့် လယ်ယာမြေဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲမှာ မကွေးမြို့နယ်နဲ့ နတ်မောက်မြို့နယ်က တောင်သူတွေ ပါဝင်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
စီမံကိန်း ၃ ခုကြောင့် လယ်ယာမြေဆုံးရှုံးသူတွေ ဆန္ဒပြ စီမံကိန်း ၃ ခုကြောင့် လယ်ယာမြေဆုံးရှုံးသူတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.