မိုးကောင်း၌ အမည်မသိပုတ်ပွနေသည့် လူသေအမျိုးသားအလောင်း တစ်လောင်း ချောင်းအတွင်းမျောပါလာ


မိုးကောင်း - အောက်တိုဘာ ၎

ကချင်ပြည်နယ် မိုးကောင်းမြို့၌ အောက်တိုဘာ ၄ ရက် မွန်းလွဲ ၁ နာရီ ခန့်က အမည်မသိပုတ်ပွနေသည့် လူသေအလောင်း တစ်လောင်း ချောင်းအတွင်း မျောပါလာခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းက မိုးကောင်းချောင်းအတွင်း အမည်မသိ ပုတ်ပွလျက်ရှိသည့် လူသေအလောင်းတစ်လောင်း မျောပါလာခဲ့၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များက နတ်ကြီးကုန်းရပ်ကွက် စက်လှေဆိပ်တွင် ဆယ်ယူကာ လောကတ္ထ စရိယလူမှုကူညီရေးယာဉ်ဖြင့် မိုးကောင်းဆေးရုံသို့ ပို့ဆောင် ထားကြောင်းသိရသည်။

သေဆုံးသူမှာ အသက် ၂၅ နှစ်ခန့် အမျိုးသားဖြစ်ပြီး ယာဘက် အပေါ်နှုတ်ခမ်းကွဲ အမှတ်အသားနှင့် ယာဘက်လက်ဖျံအတွင်း ဘက်တွင် ပန်းကနုတ်တက်တူးထိုးထားပြီး ဝဲဘက်နားတွင် နားကပ်အနက်ရောင် တပ်ဆင်ထားကာ မည်သူမည်ဝါဖြစ်ကြောင်း မြို့မရဲစခန်း၌ သေမှုသေခင်းရေးဖွင့်၍ စုံစမ်းလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးကောင်း၌ အမည်မသိပုတ်ပွနေသည့် လူသေအမျိုးသားအလောင်း တစ်လောင်း ချောင်းအတွင်းမျောပါလာ မိုးကောင်း၌ အမည်မသိပုတ်ပွနေသည့် လူသေအမျိုးသားအလောင်း တစ်လောင်း ချောင်းအတွင်းမျောပါလာ Reviewed by THITHTOOLWIN on 21:32 Rating: 5
Powered by Blogger.