ရထားလမ်းဘီးချော်မှုကြောင့် ကားရထားတိမ်းမှောက်မှုဖြစ်ပွား


ပျော်ဘွယ် - အောက်တိုဘာ ၎

နတ်မောက်မြို့နယ်၊ လဲဘူးဘူတာမှ ပျော်ဘွယ်ဘူတာသို့ထွက်ခွာ လာသော ပျော်ဘွယ်-နတ်မောက် အမှတ်(၃)အဆန် ကားရထားမှာ ရထားလမ်းဘီးချော်ပြီး တိမ်းမှောက်ခဲ့ကြောင်းသိရသည်။ဖြစ်စဉ်မှာ လဲဘူးဘူတာမှ ထွက်ခွာလာသောအမှတ်(၃)အဆန်၊ စက်ခေါင်းတွဲ အမှတ်(RBE-2550)၊ စက်ခေါင်းမောင်းကိုနိုင်မင်းထွန်း မောင်းနှင် လာသော ကားရထားမှာ ပျော်ဘွယ်မြို့နယ် ရေငံကျေးရွာနှင့် ယုန်ကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၉၁/၁ နှင့် ၂၉၁/၅ အကြား၊ အောက်တိုဘာလ(၄)ရက်၊ နံနက်(၁၀)နာရီအချိန်ခန့်တွင် ရထားလမ်းဘီးချော်ပြီး ကားရထားမှာ ရထားလမ်းဘေးသို့ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ကားရထားလမ်းဘီးချော်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း နှင့် တာဝန် ရှိသူများ၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမြင့်လွင်နှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၆၀၀၁) တင့်ကားတပ်ရင်းမှ ဗိုလ်မှူးပြည့်ဖြိုး နှင့်တပ်ဖွဲ့ဝင်များ၊ ရမည်းသင်း ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့် နှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာ တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြပြီး အမျိုးသား(၁)ဦးနှင့်အမျိုးသမီး(၂)ဦးမှာ ကျိုးပဲ့ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ၄င်းတို့(၃)ဦးအား ရမည်းသင်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ပွန်းပဲ့ဒဏ်ရာရ အမျိုးသမီး(၉)ဦးအား ပျော်ဘွယ်မြို့နယ်ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုခံယူရန်ပို့ဆောင်ပေး ခဲ့ကြောင်း၊ မြန်မာ့ မီးရထားမှတာဝန်ရှိသူများကလည်း တိမ်းမှောက်ခဲ့သည့်ကား ရထားအား ပြန်လည်သယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရထားလမ်းဘီးချော်မှုကြောင့် ကားရထားတိမ်းမှောက်မှုဖြစ်ပွား ရထားလမ်းဘီးချော်မှုကြောင့် ကားရထားတိမ်းမှောက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.