အရပ်ဝတ်လက်နက်ကိုင်တစ်ဖွဲ့က လမ်းသွားပြည်သူတစ်ဦးကို ရိုက်နှက်


မိုင်းနော;ဒါင်း၊ မားနဂါး
အောက်တိုဘာ ၂၉ ရက်၊ လားရှိုး။

လားရှိုးမြို့နယ် အီနီုင်းကျေးရွာတွင် အောက်တိုဘာလ ၂၈ ရက် ည ၇ နာရီဝန်းကျင်ခန့်၌ အရပ်ဝတ်ဖြင့် လက်နက်ကိုင် တစ်ဖွဲ့က လမ်းသွားပြည်သူတစ်ဦးဖြစ်သည့် ဦးအကြာကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“သူတို့က ဘာမှမမေးဘူး။ ကားမီးမပိတ်လို့ ပြောပြီးတော့ ပါးရိုက်တယ်၊ သေနတ်နဲ့ ခေါင်းကို ထုတယ်၊ သံပြားသုံးပြီး ခါးနဲ့ လက်ကိုရိုက်တယ်” ဟု ဦးအကြာက အောက်တိုဘာ ၂၉ ရက်တွင် ပြောသည်။

ဦးအကြာသည် ဇနီးဖြစ်သူနှင့် နမ္မတူမှ လားရှိုးသို့ ကားမောင်းနှင်လာရာ အီနိုင်းကျေးရွာအရောက်တွင် ရိုက်နှက်ခံခဲ့ရ ခြင်းဖြစ်ပြီး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့သည်။

“သူတို့က အရပ်ဝတ်နဲ့ဆိုတော့ ဘယ်အဖွဲ့ကမှန်းတော့ သိပ်မသေချာဘူး။ အစက သူတို့ ဗမာ စကားပြောတယ်။ နောက်ပိုင်းကျတော့ ရှမ်းစကားနဲ့ ကချင်စကား ပြောလာတယ်” ဟု ဦးအကြာက ဆိုသည်။

အဆိုပါလုပ်ရပ်သည် လက်နက်ကိုင်ပြီး ပြည်သူများကို ကာကွယ်ရမည့်အစား ပြည်သူကို အနိုင်ကျင့်ရာ ရောက်သည် ဟု ၎င်းက ဝေဖန်ပြောဆိုခဲ့သည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
အရပ်ဝတ်လက်နက်ကိုင်တစ်ဖွဲ့က လမ်းသွားပြည်သူတစ်ဦးကို ရိုက်နှက် အရပ်ဝတ်လက်နက်ကိုင်တစ်ဖွဲ့က လမ်းသွားပြည်သူတစ်ဦးကို ရိုက်နှက် Reviewed by THITHTOOLWIN on 04:18 Rating: 5
Powered by Blogger.