ဆိုင်ကယ်သူခိုးအားလက်ရဖမ်းပြီး လမူးရဲစခန်းကို အပ်သော်လည်း တစ်စုံတစ်ရာ အရေးမယူဘဲ ပြန်လွတ်လိုက်သဖြင့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများစိတ်ပျက်ဟုဆို


နိရဉ္စရာ၊ အောက်တိုဘာ ၂၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ လမူးကျေးရွာတွင် ဆိုင်ကယ်ခိုးသူအား ရွာသားများက လက်ပူး လက်ကြပ်ဖမ်းပြီး လမူးရဲစခန်းကို သွားအပ်သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသဖြင့် ရွာသားများအနေဖြင့် အထူး စိတ်ပျက်နေကြသည်ဟု ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်ဆန်းမြင့်က နိရဉ္စရာသို့ ပြောကြားသည်။

အောက်တိုဘာ ၂၆ ရက် ညဥ့် ၁၁နာရီ အချိန်ခန့်တွင်၊ တောင်ကုတ်မြို့နယ်၊ လမူးရွာ၊ အမှတ်(၄) ရပ်ကွက်နေ ဦးပွင့်ဖူးနေအိမ်သို့ တောင်ကုတ်မြို့နယ်၊ ဒုံကျေးရွာမှ နေဝင်းသူ(ဘ)သန်းဇော်ဦး (၂၂) နှစ်မှ ၀င်ရောက်ဆိုင်ကယ်ခိုးယူရာ ရွာသားများက ဝိုင်းဝန်းဖမ်းဆီးပြီး လမူးအုပ်ချုပ်ရေးမူးကိုဌေးနှင့်အတူ လမူးရဲစခန်းသို့ သွားရောက်အပ်နှံခဲ့ကြောင်း၊ သို့သော်လည်း ရဲစခန်းမှူးမှ အမှုဖွင့်မပေးဘဲ သူခိုးအား အချုပ်ထဲတစ်ညချုပ်ကာ ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းကပြောဆိုသည်။

“ ကျွန်တော်တို့ရွာအပါအ၀င် ဒီဒေသမှာ ဆိုင်ကယ်ပျောက်မှုက နေ့တိုင်းဖြစ်နေပါတယ်။ ပျောက်တိုင်းလည်း ရဲက ဖော်ထုတ်ဖမ်းဆီး အရေးယူပေးနိုင်တာ တစ်ခါမှ မရှိပါဘူး။ ဖမ်းမိပြီးအပ်ရင်လည်း အမျိုးမျိုးဆင်ခြေတွေပေးပြီး ပြန်လွတ်လိုက်ပါတယ်။ ခုလို လုပ်နေတဲ့ အပေါ် ကျွန်တော်တို့ ရွာကလူတွေ အထူးစိတ်ပျက်နေကြပါတယ်” ဟု ဦးမောင်ဆန်းမြင့်က ပြောကြားသည်။

အလားတူ ယခုနှစ် စက်တင်ဘာလအတွင်းကလည်း လမူး၊ အမှတ် (၄) ရပ်ကွက်၊ ရွာတန်းရှည်မှ ဆိုင်ကယ် တစ်စီးအား ခိုးယူမှု ဖြစ်ပွားရာ ရွာသားများမှ အမှတ်၅ရက်ကွပ်မှ ဆိုင်ကယ်ခိုးသူအား လမူးရဲစခန်းသို့ အပ်သော်လည်း ရဲစခန်းမှူးမှ သူခိုးအားအရေးယူပေးခြင်းမရှိပဲ အချုပ်ထဲမှပြန်လွတ်ပေးခဲ့ကြောင်း ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိရှိနိုင်ရန် လမူးရဲစခန်းသို့ ယနေ့ နံနက် ၉ နာရီက အကြိမ်ကြိမ် ဆက်သွယ်ရာ “လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ စက်ပိတ်ထားပါတယ်” ဟု ဆိုကာ အကြောင်း ပြန်သဖြင့် မေးမြန်းတင်ပြနိုင်ခြင်းမှာ မရှိပါ။

Narinjara
https://www.facebook.com/Narinjara-151742128171206/
ဆိုင်ကယ်သူခိုးအားလက်ရဖမ်းပြီး လမူးရဲစခန်းကို အပ်သော်လည်း တစ်စုံတစ်ရာ အရေးမယူဘဲ ပြန်လွတ်လိုက်သဖြင့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများစိတ်ပျက်ဟုဆို ဆိုင်ကယ်သူခိုးအားလက်ရဖမ်းပြီး လမူးရဲစခန်းကို အပ်သော်လည်း တစ်စုံတစ်ရာ အရေးမယူဘဲ ပြန်လွတ်လိုက်သဖြင့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများစိတ်ပျက်ဟုဆို Reviewed by THITHTOOLWIN on 09:48 Rating: 5
Powered by Blogger.