စစ်ရေးလှုပ်ရှားမှုတွေ တရုတ်က တိုးမြှင့်ခဲ့တယ်လို့ ဂျပန်ပြော

Photo; GREG BAKER / AFP
တရုတ်ပြည်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ တဖက်သတ် တိုးမြှင့်ခဲ့တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်နိုင်ငံ တ၀ိုက် လေကြောင်း လေ့ကျင့်မှုတွေ လုပ်ခဲ့ပြီး၊ အငြင်းပွားနေတဲ့ အရှေ့ဘက်ကမ်းခြေ ကျွန်းစုတွေအနီးမှာလည်း အနုမြူ ရေငုတ်သင်္ဘောတစ်စင်း သွားလာနေခဲ့လို့ နိုင်ငံကာကွယ်ရေးအတွက် အထူးစိုးရိမ်စရာ ဖြစ်လာတယ်လို့ ဂျပန် ကာကွယ်ရေး ၀န်ကြီး အိုနိုဒီရာ က ပြောလိုက်ပါတယ်။

ဂျပန် ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကြီးအကဲများ နှစ်လည်စည်းဝေးပွဲမှာ ပြောကြားခဲ့တာပါ။

လက်ရှိဝန်ကြီးချုပ် ရှင်ဇီုအဘေး အာဏာရချိန်ကစလို့ အရှေ့တရုတ်ပင်လယ်က အငြင်းပွားနေတဲ့ ကျွန်းစုတွေနဲ့ ပတ်သက်ပြီး ဂျပန်က ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့လို့ တရုတ် နဲ့ တင်းမာမှု မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ရှင်ဇီုအဘေး က တရုတ်အစိုးရအပေါ် ဆက်ဆံရေး ပျော့ပျောင်းလာခဲ့ပြီး၊ မြောက်ကိုရီးယားကို အနုမြူနဲ့ ဒုံးပျံအစီအစဉ်တွေ စွန့်လွှတ်အောင် ဖိအားပေးဖို့ တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
စစ်ရေးလှုပ်ရှားမှုတွေ တရုတ်က တိုးမြှင့်ခဲ့တယ်လို့ ဂျပန်ပြော စစ်ရေးလှုပ်ရှားမှုတွေ တရုတ်က တိုးမြှင့်ခဲ့တယ်လို့ ဂျပန်ပြော Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.