တွံတေးတူးမြောင်းအတွင်းရှိ ရေယာဉ်တစ်စီးကို လုယက်သူများအား ဖမ်းဆီးရာ ဓားဖြင့်ခုခံရန်ပြုသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး လုယက်သူနှစ်ဦးသေဆုံး

photo- YangonPolice

မန္တလေး စက်တင်ဘာ ၎

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးတူးမြောင်းအတွင်း ရပ်ထားသည့် ရေယာဉ်ပေါ်သို့ တက်ရောက် လုယက်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရန် ဆောင်ရွက်စဉ် ဓားဖြင့်ခုခံရန်ပြု၍သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ လုယက်သူ(၂)ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ ထုတ်ပြန်ထားသည်။

စက်တင်ဘာ ၃ ရက် ည ၂၁း၀၀ နာရီအချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ တွံတေးတူးမြောင်းအတွင်း ရပ်ထားသည့် ရေယာဉ်များပေါ်သို့ တက်ရောက်၍ မကြာခဏလုယက်လေ့ရှိကြောင်း သတင်းအရ ဆိပ်ကြီးခနောင်တိုမြို့မရဲစခန်းမှ ဒုရဲအုပ် ဇော်မင်းထိုက် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက သက်သေ ခနောင်တိုအရှေ့ရပ်ကွက်၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးများပါ(၁၀)ဦးတို့နှင့်အတူ အဆိုပါတူးမြောင်းအတွင်းရှိ ဦးစံသိန်း၊ ကျောက်ကြီးကွင်းတွင် ကျောက်ချရန် ရပ်ထားသည့်မြတ်ပုဝါကျောက်သင်္ဘောပေါ်တွင် ကင်းပုန်းဝပ် စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် စက်တင်ဘာ ၄ ရက်နေ့ နံနက် ၀၀း၃၀ နာရီအချိန်တွင် မြတ်ပုဝါကျောက် သင်္ဘောအနီးသို့ လူ(၃)ဦးစီးလာသော စက်လှေ(၁)စီးမှာ ချည်းကပ်လာပြီး ဓားရှည်ကိုင်ဆောင်ထားသော လူ(၂)ဦးမှ သင်္ဘောပေါ်သို့တက်ရောက်လာသည်။ သင်္ဘောပေါ်သို့တက်ရောက်လာသူများအား ဓားအားအောက်သို့ချ၍ အဖမ်းခံရန်ပြောစဉ်ဓားအား မချဘဲ ဓားဖြင့်ဝင်ရောက်ခုတ်၍ ဒုရဲအုပ်က ခြောက်လုံးပြူးသေနတ်ဖြင့်လည်းကောင်း၊ ရဲတပ်သားနှစ်ဦးမှ MA 13 သေနတ်ဖြင့် လည်းကောင်း ပစ်ခတ်ဖမ်းဆီးခဲ့သည်။ဓားဖြင့်ဝင်ရောက်ခုတ်သူ (၂)ဦးမှာ သေနတ်ထိမှန်၍ စက်လှေပေါ်သို့ ပြုတ်ကျသေဆုံးသွားပြီး စက်လှေပေါ်၌ ကျန်ရှိသည့်လူ(၁)ဦးမှာ ရေထဲခုန်ချထွက်ပြေးခဲ့ကြောင်းသိရသည်။


ယင်းသို့ ဓားဖြင့်ဝင်ရောက်ခုတ်သဖြင့် ဒုရဲအုပ် ဇော်မင်းထိုက် ၏ယာနားထင်တွင် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့ကာ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိသည်။သေဆုံးသူနှစ်ဦးအား ဆေးရုံသို့ ပို့အပ်၍ အသေးစိတ်စစ်ဆေးလျက်ရှိကာခုန်ချထွက်ပြေးသွားသူ(၁)ဦးအား ဆိပ်ကြီးခနောင်တိုမြို့နယ် ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးလျက်ရှိကြောင်းနှင့် တွံတေးတူးမြောင်းအတွင်း
ရပ်ထားသော ရေယာဉ်များပေါ်သို့ တက်ရောက်ပြီး မကြာခဏလုယက်လေ့ရှိသူများအား ဆက်လက် စုံစမ်းဖမ်းဆီး သွားမည်ဖြစ်ကြောင်း
သိရသည်။

Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
တွံတေးတူးမြောင်းအတွင်းရှိ ရေယာဉ်တစ်စီးကို လုယက်သူများအား ဖမ်းဆီးရာ ဓားဖြင့်ခုခံရန်ပြုသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး လုယက်သူနှစ်ဦးသေဆုံး တွံတေးတူးမြောင်းအတွင်းရှိ ရေယာဉ်တစ်စီးကို လုယက်သူများအား ဖမ်းဆီးရာ ဓားဖြင့်ခုခံရန်ပြုသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး လုယက်သူနှစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 10:45 Rating: 5
Powered by Blogger.