နှစ်ရက်အတွင်း ရွှေဈေးငါးသောင်းနီးပါး ခုန်တက်


အခေါက်ရွှေတစ်ကျပ်သားဈေးဟာ နှစ်ရက်အတွင်း ငွေကျပ် (၅)သောင်း ၀န်းကျင် ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ ပြည်တွင်း ရွှေဈေးကွက်က သိရပါတယ်။ စက်တင်ဘာလ(၂၀)ရက် ဒီနေ့ မနက်(၁၁)နာရီခွဲ ရွှေဈေးကွက် ဖွင့်ချိန်မှာတော့ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် (၁၀၅၀၀၀၀)၀န်းကျင် နဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပါတယ်။

 သြဂုတ်လ ကုန်ခါနီးက စတင်ကာ ဆက်တိုက်ဈေး မြင့်တတ်လာတဲ့ ရွှေဈေးဟာ စက်တင်ဘာလ (၁၈)ရက်မှာတော့(၁၀၀၅၀၀၀)ကျော်နဲ့ ဈေးပိတ်ခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုရွှေဈေးမြင့်နေတာဟာ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာဈေးမြင့်တက်နေတာကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအ၀ိုင်းကဆိုပါတယ်။ လက်ရှိပြည်တွင်းငွေကြေ ဈေးကွက်မှာတော့ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ (၁၆၀၀) ကျော်အထိ ဈေးမြင့်နေပါတယ်။

စက်တင်ဘာလ(၂၀)ရက် နေ့လည်၁နာရီဝန်းကျင်ဈေးနှုန်းအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ (၁၆၃၈)ကျပ်ရှိပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
နှစ်ရက်အတွင်း ရွှေဈေးငါးသောင်းနီးပါး ခုန်တက် နှစ်ရက်အတွင်း ရွှေဈေးငါးသောင်းနီးပါး ခုန်တက် Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.