ရန်ကုန်-မန္တလေးကားလမ်းပေါ်မှ ဓါတ်တိုင်နှင့်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံ


ရေတာရှည် စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မြောက်ဘက် ညောင်ပင်သာကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းတွင် စက်တင်ဘာ(၂ဝ)ရက်နေ့ ည(၇)နာရီအချိန်ခန့်က ဆိုင်ကယ်စီးနင်းလာသူတစ်ဦး ဓါတ်တိုင် နှင့်တိုက်မိကာသေဆုံး သွားခဲ့သဖြင့် ကားလမ်းပေါ်ရောက်ရှိနေသော ဓါတ်တိုင်များကို အမြန်ဆုံးပြောင်း ရွှေ့ပေးရန် ဒေသခံများကလိုလားလျက်ရှိနေကြ သည်ကိုတွေ့ရသည်။

ရန်ကုန်-မန္တလေးကားလမ်းအတိုင်း တောင်မှမြောက်သို့ ဦးမင်းဇော်(၅၂)နှစ်၊ မြို့မ(၁)ရပ်ကွက်၊ မုဒုံမြို့၊ မွန်ပြည်နယ်နေသူသည် ၈ယ/----- ANBO 125 ဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ် မိုင်တိုင် ၁၉၂/၅ နှင့် ၆ အကြား ညောင်ပင်သာ ကျေးရွာအနီးအရောက် ဓါတ်တိုင်နှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။ယာဉ်တိုက်မှုကြောင့် ဦးမင်းဇော် တွင် ယာဘက်နဖူး၊ ယာမျက်ခုံးပေါက်ပြဲ၊ နှာခေါင်းနှင့် ပါးစပ်တို့ မှသွေးများထွက်သည့်ဒဏ်ရာများဖြင့်သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

''ဓါတ်တိုင်တွေက ကားလမ်းတွေချဲ့တော့ လမ်းပေါ်မှာကျန်ခဲ့တာ ခုထိရွှေ့ပြောင်း နိုင်ခြင်းမရှိသေးတော့ ကားလမ်း အတိုင်းမောင်းနှင်သွားလာကြတဲ့ယာဉ်တွေအတွက် အလွန်ပဲ အန္တရာယ်များပါတယ် အမြန်ဆုံးပြောင်းရွှေ့ပေးသင့်ပါတယ်''ဟု ရေတာရှည်မြို့ခံတစ်ဦးကသုံးသပ်ပြောကြားသည်။

အမှုဖြစ်စဉ် အားရေတာရှည်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။

ကိုလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန်-မန္တလေးကားလမ်းပေါ်မှ ဓါတ်တိုင်နှင့်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံ ရန်ကုန်-မန္တလေးကားလမ်းပေါ်မှ ဓါတ်တိုင်နှင့်တိုက်မိ၍ ဆိုင်ကယ်မောင်းသူသေဆုံ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.