ဆူဖန်ဘူရီ ပြည်နယ် နံမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦး အသတ်ခံရမှု မြန်မာအလုပ်သမားတဦးအား ထိုင်းရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေ


အသက်ခံရသူ နိုင် နတဖွန်း အသက် (၄၉ )နှစ်ဟာ ဆူဖန်ဘူရီပြည်နယ်က ဆောက်လုပ်ရေး ကုန်ပဏီ 9999 Co., Ltd ပိုင်ရှင်နဲ့  သရက်ခြံလုပ်ငန်းတွေ စားသောက်ဆိုင်တွေ လုပ်ကိုင်နေသူ လူသိများတဲ့ သူဌေးတဦး ဖြစ်ပါတယ်။

သေဆုံးသူဟာ သူနေထိုင်ထိုင်နေတဲ့ နေအိမ်ခန်းက အိပ်ယာပေါ်မှာ မှောက်ရက်သေဆုံးနေတာပါ၊ ဓါးနဲ့ မသေမချင်း ထိုးသတ်သွားခဲ့တာပါ။ သေဆုံးသူပိုင်ဆိုင်တဲ့ ရွှေဆွဲကြိုး (၅ ကျပ်သားနဲ့ ၂ ကျပ်သားရှိ ) နှစ်ကုံး၊ စိန်လက်စွပ်နှစ်ကွင်းနဲ့  သေနတ်တလက်၊ ဘတ်ငွေ သောင်းကျော် ပါ ပျောက်ဆုံးခဲ့ကြောင်း ဆူဖန်ဘူရီရဲတပ်ဖွဲ့ က ထုတ်ပြန်ခဲ့ပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ ညက သေဆုံးသူဟာ သူ့ ပိုင်ဆောက်လုပ်ရေး အလုပ်ဆိုက်က မြန်မာ အလုပ်သမား အမျိုးသားသုံးဦးကို စားသောက်ဆိုင်လိုက်ပို့ ခဲ့ပြီး အတူညစာစားခဲ့ပါတယ်။

အဆိုပါ အလုပ်သမားသုံးဦးထဲက အလုပ်စ၀င်တာ(၁)ရက်သာ ရှိသေးတဲ့ အသက် ၂၂ နှစ်အရွယ် နိုင်စိုး ဆိုသူကို သူ့ နေအိမ်မှာ လိုက်အိပ်ဖို့ ခေါ်ခဲ့တယ်၊ ကျန်အလုပ်သမားနှစ်ဦးကတော့ သူ့ တို့ နေထိုင်တဲ့ အဆောင်ကို ပြန်သွားခဲ့ကြပါတယ်။


စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်မှာ အစားအသောက်လာပို့ တဲ့အခါ အခန်းတခါးဖွင့်ကြည့်မှ သူဌေးဖြစ်သူ သေဆုံးနေတာ သိခဲ့ရတာပါ။

သူနေအိမ်မှာ ခေါ် အိပ်တဲ့ နိုင်စိုး ကတော့ ထွက်ပြေးသွားခဲ့ပါပြီ၊ တရားခံလို့  ယူဆရတဲ့ နိုင်စိုးဟာ ညပိုင်းမှာ နေအိမ်တွင်းမှာ ရှိနေတာကို နေအိမ်က CCTVမှတ်တမ်းတွေ စစ်ဆေးချက်အရ တွေ့ ရပါတယ်။

နိုင်စိုး ကန်ချနပူရီနယ်စပ်ကနေ ၀င်ရောက်လာခဲ့တာဖြစ်ပြီး အလုပ်သမား ကပ် သက်သေခံအထောက်အထား ကိုင်ဆောင်ထားတာ မရှိကြောင်း၊ ယခုလူသတ်မှုနဲ့ ပါတ်သက်ပြီး သက်ဆိုင်ရာက ဆောက်လုပ်ရေးအလုပ်က မြန်မာနိုင်ငံသား အလုပ်သမားတွေကို စစ်ဆေးမှုတွေပြုလုပ်နေပြီး တရားခံအမြန်ဆုံးဖမ်းမိနိုင်ဖို့  ဆူဖန်ဘူရီနဲ့  ကမ်ချနဘူရီပြည်နယ်တွေမှာ ပိတ်ဆို့ ရှာဖွေနေကြောင်း သိရပါတယ်။

Social Action for Children and Women - SAW
ဆူဖန်ဘူရီ ပြည်နယ် နံမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦး အသတ်ခံရမှု မြန်မာအလုပ်သမားတဦးအား ထိုင်းရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေ ဆူဖန်ဘူရီ ပြည်နယ် နံမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တဦး အသတ်ခံရမှု မြန်မာအလုပ်သမားတဦးအား ထိုင်းရဲတပ်ဖွဲ့ က အပူတပြင်းရှာဖွေနေ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.