မွတ်စလင်တွေ ဖိနှိပ်ခံရမှု တရုတ်နဲ့ ကန် အပြန်အလှန်ပြောဆို

Photo: Greg Baker / AFP
တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ လူနည်းစု မွတ်စလင်တွေ ဖိနှိပ်ချေမှုန်းခံနေရတဲ့ အခြေအနေတွေကို အရေးယူဖို့ စောင့်ကြည့်နေတယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Manisha Singh မနီးရှား ဆင်း က ကြာသပတေးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံမှာ ဝှီးဂါမွတ်စလင်တွေ ထောင်သောင်းများစွာကို ထိန်းသိမ်းရေးစခန်းတွေမှာထားပြီး ဖိနှိပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး တရုတ်အစိုးရကို အရေးယူဖို့ တောင်းဆိုမှုတွေ ပေါ်ထွက်နေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပိတ်ဆို့အရေးယူဖို့ အစီအစဉ်ရှိပါသလားလို့ အမေရိကန်လွှတ်တော် ကြားနာပွဲမှာ မေးမြန်းခဲ့တာကို ဝန်ကြီးက အခုလို ဖြေကြားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက အဲဒီဒေသမှာ မွတ်စလင်လူနည်းစုတွေကို မတရားဖိနှိပ်နေတယ်ဆိုတာ မဟုတ်မမှန်ကြောင်း၊ ဒေသခံတချို့ကို အကြမ်းဖက်ဝါဒပြန့်ပွားမှုက ကာကွယ်တဲ့အနေနဲ့ ပညာပေးသင်တန်းတွေ ပို့ချနေခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုပါတယ်။ တရုတ်ပြည်က ပညာပေးစခန်းတွေဟာ အကျဉ်းစခန်းတွေ မဟုတ်ပါဘူးလို့လည်း တရုတ်နိုင်ငံ လူ့အခွင့်အရေးအဖွဲ့ အရာရှိ Li Xiaojun လီ ရှောင်ဂျွန်း ကပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
မွတ်စလင်တွေ ဖိနှိပ်ခံရမှု တရုတ်နဲ့ ကန် အပြန်အလှန်ပြောဆို မွတ်စလင်တွေ ဖိနှိပ်ခံရမှု တရုတ်နဲ့ ကန် အပြန်အလှန်ပြောဆို Reviewed by THITHTOOLWIN on 10:31 Rating: 5
Powered by Blogger.