အဆိုတော်ရသအပါအဝင် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် မန္တလေးခရိုင် တရားရုံး၌ ရုံးထုတ်


မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် အဆိုတော် ရသ အပါအဝင် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် မန္တလေးခရိုင် တရားရုံးတွင် စက်တင်ဘာ ၁၀ ရက်၌ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရှိရသည်။မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် အဆိုတော်ရသအပါအဝင် လူငယ် ၃ ဦးကို စိတ် ကြွရူးသွပ်ဆေးပြား ၁၆၀၀ ကျော်၊ ဆက်စပ်ပစ္စည်းများနှင့် အတူသြဂုတ် ၁၄ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

"အခုချိန်မှာတော့ ဘာမှ ပြောစရာ မရှိပါဘူး။ နောက်ကျရင် ကျွန်တော်ပြောပါမယ်။ ကျွန်တော်တို့ကို ဆုံးမရ မှာကတော့ မိဘတွေတာဝန်ပါ။ ဆိုဆုံးမမှုကို နာခံရမှာက သားသမီးတွေတာဝန်ပါ။ ခုဖြစ်တဲ့ ကိစ္စကလည်း ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါ။ ဖြစ်လာရင်တော့ ဖြေရှင်းရမှာပါပဲ။"ဟု မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် အဆိုတော် ရသက ပြောသည်။


ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ အောင်ဇေယျလမ်း၊ ၄၉ လမ်းနှင့် လမ်း ၅၀ ကြားရှိ အအေးခန်း ဧည့်ရိပ်မွန် အခန်းအမှတ် ၂၀၅ တွင် သြဂုတ် ၁၄ ရက် ညနေ ၃း၀၀ နာရီခန့်က သတင်းအရရှာဖွေ ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုတော် ရသနှင့် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို စိတ်ကြွမူးယစ်ဆေးဝါး ၁၆၅၅ ပြားနှင့် ဆက်စပ်ပစ္စည်းများဖြင့်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရဲမင်းသိန်း(ခ) အဆိုတော် ရသ၊ မျိုးတင့်နှင့် ခေမီ(ခ) ဗျာတာမီးတို့ ၃ ဦးကို အခန်းအတွင်း အတူတွေ့ရှိခဲ့ရပြီး အခန်းတွင် စုစုပေါင်းဆေးပြား ၁၆၅၅ ပြား ကာလတန်ဖိုး ၈၂၇၅၀၀၀ ခန့်နှင့် လက်ကိုင်ဖုန်း ၃ လုံးအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ဖမ်းဆီးရမိသည့် ရဲမင်းသိန်း(ခ)အဆိုတော်ရသ(အသက် ၃၅ နှစ်၊ အမှတ် ၈၉ ရွာလယ်လမ်း၊ (ဇ)မြောက်ရပ် ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်)၊ မျိုးတင့်(အသက် ၂၆ နှစ်၊ ရတနာမြလမ်း၊ ရွာသာကြီး ၁၄၀ ရပ်ကွက်၊ တောင်ဒဂုံ မြို့နယ်၊ ခေမီ(ခ)ဗာတားမီး(အသက် ၂၀ နှစ်၊ အဆိုတော်၊ လမ်းသွယ် ၇၊ ၅၄ လမ်း နဲ့ ၅၅ လမ်းကြား၊ ထွန်တုံး ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်)တို့ ၃ ဦးအား သက်ဆိုင်ရာ အောင်ပင်လယ်နယ်မြေရဲစခန်းတွင် မယ(ပ) ၁၁/ ၂၀၁၈၊ မူး/စိတ်ပုဒ်မ-၁၉ (က)/၂၁ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပြီး ဒုတိယအကြိမ် ရုံးထုတ်ကို စက်တင်ဘာ ၁၇ ရက်တွင် ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
အဆိုတော်ရသအပါအဝင် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် မန္တလေးခရိုင် တရားရုံး၌ ရုံးထုတ် အဆိုတော်ရသအပါအဝင် လူငယ် ၃ ဦးကို မူးယစ်ဆေးဝါးအမှုဖြင့် မန္တလေးခရိုင် တရားရုံး၌ ရုံးထုတ် Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.