မန်စီမြို့ ၌ လူငယ်အမျိုးသားနှစ်​ဦး ​မြေကြီးပေါ်သို့ ​လေးဘက်ကုန်း ဦးခေါင်း​စိုက်လျက်​​သေဆုံး


မန်​စီ စက်​တင်​ဘာ ၉

ကချင်​ပြည်​နယ်​၊မန်​စီမြို့​တွင်​ လူငယ်အမျိုးသားနှစ်​ဦး ​မြေကြီးပေါ်သို့ လေးဘက်ကုန်း ဦးခေါင်းစိုက်လျက် ​သေဆုံးမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်​။

ဖြစ်​စဉ်​မှာ စက်​တင်​ဘာ ၈ ရက်​ည​နေ ၄ နာရီခန့့်​တွင်အမျိုးသားနှစ်​ဦး ​သေဆုံး​နေ​ကြောင်း သတင်းရ ရှိသဖြင့် မန်စီမြို့မရဲစခန်းမှ မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးသန်းသည် ဒုရဲအုပ်အောင်မျိုးထွန်းနှင့်တပ်ဖွဲ့ ဝင်များ ။ယာအိမ်မှူး ဦးယော်ထုံ တို့နှင့်အတူအခင်ဖြစ်
နေရာသို့  သွား​ရောက်​စစ်​​ဆေးခဲ့ကြသည်။

မန်​စီမြို့၊ကောင်​ရာရပ်​ကွက်​၊ ရထားဘူတာရုံ ခန့်​မှန်း​မြေပုံအညွှန်း(LG-265683)​နေရာ၌ သေဆုံးသူ အမျိုးသားနှစ်​ဦးမှာ လာယွန်း(၂၈)နှစ်​(ကျဘမ်းလုပ်​)၊​ကောင်​ရာရပ်​ကွက်​၊မန်​စီမြို့​နေသူနှင့်​ ဆာဘွဲ့ထွယ်​​ရောင်​(၂၆)နှစ်​၊မန်​စီမြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်​​ရေးဦးစီးဌာန၊ယာဉ်​​မောင်းဝန်​ထမ်း) ပြင်​ဦးလွင်​ရပ်​ကွက်​၊ မန်​စီမြို့​နေသူများ ဖြစ်​ ကြသည်။

၎င်းတို့နှစ်​ဦးသည်​ YUNDE-110 အနက်​​ရောင်​​ဆိုင်​ကယ်​​ရှေ့မြေကြီး​ပေါ်တွင်​လေးဘက်ကုန်၍ ဦး​ခေါင်းစိုက်​လျက်အ​နေအထားဖြင့် သေဆုံးနေသည်ကို တွေ့ မြင်ခဲ့ကြပြီး ပြင်​ပဒဏ်​ရာမ​တွေ့ရှိရသော်လည်း လာယွန်​၏ ယာဘက်​တံ​တောင်​ဆစ်​အ​ကွေးနှင့်​ ဆာဘွဲ့ထွယ်​​ရောင်​၏ ဝဲဘက်​တံ​တောင်​ဆစ်​အ​ကွေးတို့၌ 3ml ​ဆေးထိုးပိုက်​အပ်​တပ်​လျက်​ ထိုးသွင်း​တန်းလန်းဖြင့်​ ​သေဆုံး​နေသည်​ကို ​တွေ့ကြရသည်ဟု ဆိုသည်​။

" မန္တလေး -ကသာ - ဗန်းမော် ရထားလမ်းပိုင်း မန်စီဘူတာရုံရှေ့တွင် သေဆုံးခဲ့တာပါ။ဘူတာရုံက ဆောက်ထားပေမဲ့ ရထားမပြေးဆွဲသေးဘူး။ လူအသွားအလာကင်းဝေးတဲ့ ဘူတာရုံမှာ လာပြီးဆေးထိုးကြတဲ့ လက္ခဏာ ရှိတယ်။ သေဆုံးသူတွေမှာသေဆုံးစဉ်က အပ်တပ်လျှက် တွေ့မြင်ရပြီး ဂက်စ် မီးခြစ် နှစ်လုံး ။ပလပ်စတစ်ဘူးခွန်တစ်လုံးတို့မှာ ၄င်းတို့အနီး၌ တွေ့ရှိ ခဲ့သည်ဟုကြားသိရတယ်​" ဟု မန်စီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ မန်​စီမြို့မရဲစခန်းက ​သေမှု​သေခင်းအမှတ်​စဉ်​ ၃/၂၀၁၈ ဖွင့်လှစ်၍ အမှုစစ် စခန်းမှူး ဒုရဲမှူး မျိုးသန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်​​ဆေး​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း မန်စီမြို့မ ရဲစခန်းမှ သိရသည်​။

ဗန်းမော် သုခမိန်
EPN
https://www.facebook.com/epngnews/
မန်စီမြို့ ၌ လူငယ်အမျိုးသားနှစ်​ဦး ​မြေကြီးပေါ်သို့ ​လေးဘက်ကုန်း ဦးခေါင်း​စိုက်လျက်​​သေဆုံး မန်စီမြို့ ၌ လူငယ်အမျိုးသားနှစ်​ဦး ​မြေကြီးပေါ်သို့ ​လေးဘက်ကုန်း ဦးခေါင်း​စိုက်လျက်​​သေဆုံး Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.