ပုတီးကုန်းက ဘုရားခိုးမှု


ပဲခူးတိုင်း ဒေသကြီး ပုတီးကုန်းမြို့နယ် ဖလံတောင်ဝှေး ကျေးရွာက ဘုန်းတော်ကြီး တစ်ကျောင်းမှာ ကိုးကွယ်ထားတဲ့ ဘုရားဆင်းတု တော်တွေ ခိုးယူခဲ့ကြသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုတီးကုန်း နယ်မြေရဲစခန်းက သိရပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ မနက်တစ်နာရီခွဲမှာ ဖလံတောင်ဝှေးကျေးရွာ မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်းမှာ ကိုးကွယ်ထားတဲ့ မတ်တပ်ရပ်ကိုယ်တော် နဲ့ ရဟန္တာရုပ် ၅ ရုပ် ပျောက်ဆုံးနေတာကြောင့် သက်ဆိုင်ရာ ရဲစခန်းကို သတင်းပေး တိုင်ကြားခဲ့ပါတယ်။

ဒီလိုတိုင်ကြားချက် အပြီး ကျောင်းရှေ့လမ်းပေါ်မှာ မင်္သကာဖွယ်ရာ ယာဉ်တစ်စီး ရပ်ထား တာကို ဒေသခံတွေက သတင်းပေးခဲ့ပြီးနောက် ရဲတပ်ဖွဲ့က စစ်ဆေးဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။“ကျနော်တို့စစ်ဆေးတဲ့အချိန်မှာ ကားပေါ်မှာရဟန္တာအရုပ်ငါးရုပ်ကိုတွေ့ရတယ် မတ်တပ်ရပ် ကိုယ်တော်ကိုတော့ ကျောင်းအရှေ့ ဘက်ဝါးရုံပင်တောထဲမှာ ၀ှက်ထားတာကို တွေ့ရတယ် အခုတော့အမှုဖွင့်အရေးယူထားပြီး ဆက်လက် စုံစမ်းစစ်ဆေးမှု တွေပြုလုပ်နေပါတယ်”လို့ ပုတီးကုန်းနယ်မြေ ရဲခစန်းမှူး ရဲအုပ်လှဝင်းက ပြောသည်။

ဒီဘုရားခိုးသည့်ဖြစ်စဉ်မှာ စုစုပေါင်း (၄)ဦးပါဝင်ပြီး သွားရောက် စစ်ဆေးစဉ် ဦးသောဘိတ (ခေါ်) ရွှေကိုတစ်ဦးတည်းသာကားနဲ့ အတူရှိနေပြီး စက်တင်ဘာ ၁၂ ရက်မနက်ပိုင်းတွင် ပုတီးကုန်းမြို့မှာ ဦးဇ၀န(ခေါ်) ဇော်မိုးနဲ့ ယာဉ်မောင်း အောင်ကိုဦးတို့ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကာ ကျန်တစ်ဦး ထွက်ပြေးလွတ်မြောက် နေတယ်လို့ သိရပါတယ်။ဦးသောဘိတ (ခေါ်) ရွှေကိုနဲ့ ဦးဇ၀န(ခေါ်) ဇော်မိုး တို့ ဟာ အခြားတစ်နေရာက ဘုန်းကြီးတွေဖြစ်ကာ သူတို့ကို သိက္ခာချပြီး စစ်ဆေးနေပြီဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုတီးကုန်းနယ်မြေရဲစခန်းက (ပ)၈၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အရေးယူထားပြီး ထွက်ပြေးလွတ်မြောက်နေသူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း- အောင်ကျော်သူ
One News Myanmar
https://www.facebook.com/onenewsmyan
ပုတီးကုန်းက ဘုရားခိုးမှု ပုတီးကုန်းက ဘုရားခိုးမှု Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.