လူသတ်​ပြီးထွက်​​ပြေး တိမ်း​ရှောင်​​နေသူနှစ်​ဦး ဖမ်းမိ

ဟင်္သာတမြို့ နိဗ္ဗာန်​နယ်​​မြေရဲစခန်းအပိုင်​မှ လူသတ်​ပြီးထွက်​​ပြေး တိမ်း​ရှောင်​​နေသူနှစ်​ဦးအား ​ကျောင်းကုန်းမြို့တွင်​ ဖမ်းမိ၍ လွှဲ​ပြောင်း​ပေးအပ်
ကျောင်းကုန်း - စက်တင်ဘာ ၁၃

ဧရာဝတီတိုင်း​ဒေသကြီး ပုသိမ်​ခရိုင်​ ​ကျောင်းကုန်းမြို့နယ်​ ကွမ်းခြံကုန်းအုပ်​စု အ​နောက်​စု​ကျေးရွာအနီး ရန်​ကုန်​-ပုသိမ်​ကားလမ်းမ​ပေါ်တွင်​ မသင်္ကာဖွယ်​ရာ လူငယ်​နှစ်​ဦးအား ​တွေ့ရှိ​ကြောင်း စက်​တင်​ဘာလ ၁၂ ရက်​​နေ့ ည​နေ ၄း၃၀ နာရီအချိန်​ ကွမ်း ခြံကုန်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးလွင်​မိုးမှ အပိုင်​နယ်​ထိန်း ရဲတပ်​ကြပ်​ကြီး စလားဆန်းအား ဖုန်းဖြင့်​ဆက်​သွယ်​အ​ကြောင်းကြားသဖြင့်​ နယ်​ထိန်းတပ်​ဖွဲ့ဝင်​များသည်​ သက်​​သေများနှင့်​အတူ သွား​ရောက်​ ဖမ်းဆီးစစ်​​ဆေးခဲ့ပါသည်။

ဖမ်းဆီးစစ်ဆေးရာမှာ ခိုင်​မင်းထွန်း(ခ)ကပ္ပလီ (၁၉)နှစ်​၊ ဒယ်​ကွင်းရွာ၊ နိဗ္ဗာန်​​ကျေးရွာအုပ်​စု၊ ဟင်္သာတမြို့နယ်​​နေသူနှင့် ဇင်​ကိုလတ်​(ခ)ချက်​ကြီး(၁၃)နှစ်​၊ ဒယ်​ကွင်းရွာ၊ နိဗ္ဗာန်​​ကျေးရွာအုပ်​စု၊ ဟင်္သာ မြို့နယ်​ ​နေသူ နှစ်​ဦးဖြစ်​ပြီး၊ ၄င်းတို့နှစ်​ဦးမှာ ဟင်္သာတမြို့နယ်​ နိဗ္ဗာန်​နယ်​​မြေရဲစခန်း (ပ)၁၄၀/၁၈၊ ရာဇသတ်​ကြီးပုဒ်​မ- ၃၀၂ အမှုမှ ထွက်​​ပြေးတိမ်း​ရှောင်​​နေ​သော တရားခံများဖြစ်​​ကြောင်း သိရှိရသည်။

အဆိုပါ တရားခံနှစ်ဦးအား နိဗ္ဗာန်​ရဲစခန်းမှူး ရဲအုပ်​ဝင်းတင့် ဦးစီးအဖွဲ့မှ လာ​ရောက်​​ခေါ်​ဆောင်​ရာ ​ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်​​အောင်​မှ ည ၆း၅၀ နာရီအချိန်​ လွှဲ​ပြောင်း​ပေးအပ်​လိုက်​​ကြောင်း မြို့မရဲစခန်းမှ သိရသည်​။

ဝင်းကြိုင်​(​ပြန်​/ဆက်​)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လူသတ်​ပြီးထွက်​​ပြေး တိမ်း​ရှောင်​​နေသူနှစ်​ဦး ဖမ်းမိ လူသတ်​ပြီးထွက်​​ပြေး တိမ်း​ရှောင်​​နေသူနှစ်​ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.