ခင်ဦးမြို့နယ်၌ ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်၍ မိသားစုဝင် သုံးဦး သေဆုံး


ခင်ဦး (စက်တင်ဘာ-၁၈)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ စက်တင်ဘာ (၁၈) ရက်နေ့ နံနက် (၁၁) နာရီခွဲခန့်က ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်၍ မိသားစုဝင်သုံးဦး သေဆုံးသွားကြောင်း မြို့မရဲစခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာနှင့် တမုတ်ကျေးရွာကြားရှိ ရွှေဘို-မြစ်ကြီးနား (ပြည်ထောင်စု) ကားလမ်းမကြီး မိုင်တိုင်အမှတ်- ၁၆/၅ အနီးတွင် ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ရွှေဘိုမြို့မှ ကန့်ဘလူမြို့သို့ မောင်းနှင်လာသော YGN/2K-..... TOYOTA WISH မီးခိုးရောင် အမျိုးအစား ယာဉ်မောင်း သားဖြစ်သူ ငြိမ်းထက် (ခ) ငြိမ်းထက်ဇော် ၂၆ နှစ် (ဘ) ဦးထက်နိုင်လွင် အမှတ်(၄) ရပ်ကွက်၊ ကန့်ဘလူမြို့နေသူမောင်းနှင်၍ ဖခင်ဖြစ်သူ ဦးထက်နိုင်လွင်၊ မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်မိုး၊ သမီးဖြစ်သူ မချမ်းပြည့်စုံ၊ သမီးဖြစ်သူ မဆုပြည့်စုံသက်တို့မိသားစုနှင့် ဦးဝင်းရွှေ တို့ ၆ ဦး လိုက်ပါလာစီးနင်းလာသော မော်တော်ယာဉ်သည် ဘယ်ဘက်ရှေ့ဘီးပေါက်ရာမှ လမ်းဘေးသို့ထိုးကျ၍ ထနောင်းပင်ကြီးအား ၀င်တိုက်မိသဖြင့် မိခင်ဖြစ်သူ ဒေါ်မြင့်မြင့်မိုး ၄၉ နှစ် (ဘ)ဦး.....မှာ ၀ဲဘက်အခြမ်းရှိ နဖူး၊ နားရွက်၊ မျက်စ ပေါက်ပြဲဒဏ်ရာ၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများဖြင့်သေဆုံး၍ သမီးဖြစ်သူ မဆုပြည့်စုံသက် ၁၉ နှစ် (ဘ)ဦးထက်နိုင်လွင်မှာ နဖူး၊ ယာနားထင်၊ ၀ဲပါး၊ မေးရိုး၊ အောက်နှုတ်ခမ်း၊ ရင်အုံ ပေါက်ပြဲဒဏ်ရာတို့ဖြင့် နေရာတွင် ၎င်းတို့သားအမိနှစ်ဦးသေဆုံးနေပြီး၊ ဖခင်ဖြစ်သူ ဦးထက်နိုင်လွင် ၅၂ နှစ် (ဘ)ဦး.....မှာ ၀ဲပခုံးနှင့် ယာပခုံ ပွန်းပဲ့ဒဏ်ရာများ၊ ခါးနာ၊ ဆီးခုံအောင့်ပြင်းထန်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိပြီး၊ သမီးဖြစ်သူ မချမ်းပြည့်စုံ ၂၁ နှစ် (ဘ)ဦးထက်နိုင်လွင်မှာ ၀ဲနံရိုးနာကျင်ဒဏ်ရာ (မစိုးရိမ်ရ)၊ ဦးဝင်းရွှေ ၅၅ နှစ် (ဘ)ဦး.....မှာ ၀ဲဘက်ခြမ်းရှိ မျက်ခုံး၊ လက်ပြင်၊ ဒူးနှင့် ယာဒူး၊ ဦးခေါင်း ပေါက်ပြဲဒဏ်ရာများ(မစိုးရိမ်ရ)၊ သားဖြစ်သူ ယာဉ်မောင်း ငြိမ်းထက်(ခ)ငြိမ်းထက်ဇော် ၂၆ နှစ် (ဘ)ဦးထက်နိုင်လွင်မှာ ယာလက်ကောက်ဝတ် ပွန်းပဲဒဏ်ရာ၊ ၀ဲဘက်ဒူးနာကျင်ဒဏ်ရာနှင့် နဖူးပွန်းပဲဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိသွားသဖြင့် “မြတ်သီရိ” နာရေးကူညီမှုအသင်းကားဖြင့် ခင်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပြီး၊ ဖခင်ဖြစ်သူ ဦးထက်နိုင်လွင် ၅၂ နှစ် (ဘ)ဦးကြည်လွင်မှာ ရွှေဘိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ် ညနေ (၃) နာရီအချိန်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ လူသေဆုံးသည်ထိအောင် ယာဉ်မဆင်မခြင်မောင်းနှင်သော ငြိမ်းထက် (ခ) ငြိမ်းထက်ဇော် ၂၆ နှစ်အား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Chit Sann (FB)


ခင်ဦးမြို့နယ်၌ ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်၍ မိသားစုဝင် သုံးဦး သေဆုံး ခင်ဦးမြို့နယ်၌ ကိုယ်ပိုင်ယာဉ်တစ်စီး တိမ်းမှောက်၍ မိသားစုဝင် သုံးဦး သေဆုံး Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.