အာဖဂန်နိုင်ငံရှိ စစ်ဆေးရေးဂိတ်တွင် တိုက်ခိုက်မှုဖြစ်ပွား၊ ရဲ ၁၃ ဦးနှင့် စစ်သွေးကြွ ၁၀ ဦးသေဆုံး

အာဖဂန်နိုင်ငံ စစ်တပ်မှ စစ်ဆင်ရေးလုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
 ကွန်ဒုဇ်၊ အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

    အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ကွန်ဒုဇ်ပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲအရာရှိ ၁၃ ဦးနှင့် တာလီဘန် စစ်သွေးကြွ ၁၀ ဦးသေဆုံးခဲ့ပြီး ရဲတပ်သား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“စက်တင်ဘာလ ၁၀ ရက်အစောပိုင်းမှာ တာလီဘန်တွေက Dasht-i-Archi ခရိုင်က ဈေးတစ်ခုနဲ့ အစိုးရရုံးတွေအနား စစ်ဆေးရေးဂိတ်တွေကို သေနတ်တွေ စိန်ပြောင်းတွေနဲ့ ဝင်တိုက်ခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါ” ဟု ခရိုင် အကြီးအကဲ Nasruddin Nazari Sahadi က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

သေဆုံးသူ ရဲများအနက် အာဖဂန်နိုင်ငံ ရဲတပ်ဖွဲ့ (ANP) အာဖဂန် ဒေသခံရဲတပ်ဖွဲ့ (ALP) မှ တပ်သားများ ပါဝင်ခဲ့သည်။ ဒဏ်ရာရသူများအား ပြည်နယ်ဆေးရုံများသို့ ပို့ဆောင်ခဲ့သည်။

စက်တင်ဘာလ ၇ ရက်က Baghlan ပြည်နယ်တွင်လည်း အလားတူ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အာဖဂန်စစ်တပ်မှ စစ်သား ၂၀ ဦး သေဆုံးခဲ့ပြီး အခြားသူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဖဂန်နိုင်ငံရှိ စစ်ဆေးရေးဂိတ်တွင် တိုက်ခိုက်မှုဖြစ်ပွား၊ ရဲ ၁၃ ဦးနှင့် စစ်သွေးကြွ ၁၀ ဦးသေဆုံး အာဖဂန်နိုင်ငံရှိ စစ်ဆေးရေးဂိတ်တွင်  တိုက်ခိုက်မှုဖြစ်ပွား၊ ရဲ ၁၃ ဦးနှင့် စစ်သွေးကြွ ၁၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.