၂၀၁၇ - ၁၈ တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီယံခွဲခန့်  ကျဆင်းခဲ့

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအားတွေ့ရစဉ် (ဆင်ဟွာ)
 နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

    ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်တွင် ပို့ကုန်ပမာဏ ပိုမို တင်ပို့နိုင် ခဲ့ခြင်းကြောင့် ကုန်သွယ်မှု လိုငွေသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ လျော့ကျ ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ကိုယ်စား စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်ချိုက ယနေ့  ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

“၂၀၁၆ - ၁၇ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ ပို့ ကုန် တန်ဖိုးဟာ ဒေါ်လာ ၁၂ ဘီလီယံရှိခဲ့ပေမယ့် ၂၀၁၇ - ၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံအထိ တိုးလာပါတယ်၊ ကုန်သွယ်မှု လိုငွေဟာ ၂၀၁၆ - ၁၇ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံ ရှိခဲ့ရာက အခု ၂၀၁၇ - ၁၈ မှာ ၃ ဒသမ ၈ ဘီလျံသို့  ကျဆင်းခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ က အမျိုးသား အဆင့် ပို့ကုန် မဟာဗျူဟာ ဖွံ့ ဖြိုးတိုးတက်ရေး အစီအစဉ် (NES:_ National Export Strategy) ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဦးစားပေး ကဏ္ဍဖြစ် သော ဆန်၊ ပဲအမျိုးမျိုး၊ ဆီထွက် သီးနှံ၊ ရေထွက်ပစ္စည်း၊ အထည်အလိပ်၊ သစ်နှင့် သစ်တောထွက် ပစ္စည်း၊ စသည့် ကုန်စည် ငါးမျိုးအား ကဏ္ဍတစ်ခုချင်းအလိုက် စီမံချက်များချမှတ် ဆောင်ရွက်နေ သဖြင့် ပို့ ကုန်များ တိုးမြှင့်တင်ပို့နိုင်ခြင်း၊ ပို့ ကုန် အမည်များ တိုးချဲ့ ခြင်း၊ တင်ပို့ သည့် နိုင်ငံများ တိုးချဲ့ ခြင်း၊ ပို့ ကုန် ပမာဏ တိုးချဲ့ ခြင်းများ ဆောင်ရွက်ခဲ့သည့်အတွက် ကုန်သွယ်မှု လိုငွေ လျော့ကျ ခဲ့ခြင်းဖြစ်ကြောင်း တစ်ဘက်မှလည်း သွင်းကုန် အစားထိုးမှုများ ဖြစ်ပေါ်စေရန် ဆောင်ရွက်လျက် ရှိကြောင်း၊ အထူးစီးပွားရေးဇုန်များသည် ပို့ ကုန် တိုးချဲ့  တင်ပို့ နိုင်စေသကဲ့သို့  သွင်းကုန် အစားထိုး မှုကိုလည်းဖြစ်စေသည်ကို တွေ့ ရှိရကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
၂၀၁၇ - ၁၈ တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီယံခွဲခန့်  ကျဆင်းခဲ့ ၂၀၁၇ - ၁၈ တွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ တစ်ဘီလီယံခွဲခန့်  ကျဆင်းခဲ့ Reviewed by THITHTOOLWIN on 20:08 Rating: 5
Powered by Blogger.