အမျိုးသမီးဘော်ဒါဆောင်အနီး ဂစ်တာတီးနေသော တက္ကသိုလ် ကျောင်းသား သုံး ဦး ဓားထိုးခံရ

photo -စိုင်းအုန်းလွင် တက္ကသိုလ်များ မုံရွာ

မုံရွာ၊စက်တင်ဘာ-၂၂

မုံရွာမြို့  ရေကူးကန်လမ်းရှိ အမျိုးသမီးဘော်ဒါဆောင်တစ်ခုအနီး စက်တင်ဘာ ၂၁ ရက်ညပိုင်းက ဂစ်တာတီးနေသည့် ကျောင်းသားအုပ်စုအား လူတစ်ဦးကဓါးဖြင့်ဝင်ထိုးရာ ကျောင်းသားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"မိန်းကလေးအဆောင်မှာ ဂစ်တာသွားတီးကြရင်း ယောက်ျားလေးအချင်းအချင်းဆိုတော့ ဆဲကြပုံပေါ်ပါတယ်။အဲ့ဒါ ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့လူက သူ့ကိုဆဲပါတယ်ဆိုပြီး အိမ်ပြန်ဓါးယူပြီး ဘယ်ကောင်လဲ ငါ့ကိုဆဲတာဆိုပြီး ဓါးနဲ့ရမ်းတယ်လို့ ကလေးတွေကပြောတယ်"ဟု ဒဏ်ရာရကျောင်းသားများကို ကူညီပေးနေသော ကိုစိုင်းအုန်းလွင်ကပြောသည်။

့် အဆိုပါဖြစ်စဉ်ကြောင့် ဘူမိဘာသာ|စတုတ္ထနှစ်တွင် ပညာသင်ကြားနေသူ နေထူးအောင် မှာရင်ဘက် ထိုးသွင်းဒဏ်ရာ၊ဝဲ|ယာ လက်ဖျံ ခုတ်ထွင်း ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး၊ သိပ္ပံသာဘာ စတုတ္ထနှစ် ကျောင်းသား စန်းသော်တွင် ဝဲဘက်လက်ကောက်ဝတ်ထိုးသွင်းဒဏ်ရာ တစ်ချက်၊လည်ပင်းအောက် ထိုးသွင်းဒဏ်ရာတစ်ချက်နှင့် ဒုတိယနှစ် ပထဝီ(အဝေးသင်)တက်ရောက်မည့် စိုင်းအောင်မြင့်ဗိုလ်က ဘယ်ဘက်လက်မောင်းတွင် ပြတ်ရှဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

"နေထူးအောင်က အဆုတ်ကိုထိတော့ စိုးရိမ်ရတယ်။မနေ့ညကပဲ ခွဲခန်းဝင်ထားပြီး စောင့်ကြည့်နေရတယ်။ကျန်တဲ့နှစ်ယောက်က စိုးရိမ်စရာမရှိပါဘူး"ဟု ကိုစိုင်းအုန်းလွင်က ပြောသည်။

အဆိုပါ ဓားထိုးခံရသောကျောင်းသားများသည် ဟုမ္မလင်းမြို့နယ်|ကက်သာကျေးရွာနှင့်ပင်းဖာကျေးရွာတို့မှဖြစ်ပြီး လတ်တလောတွင် မုံရွာပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။

ဓါးဖြင့်ထိုး၍ထွက်ပြေးသူအား ညတွင်းချင်းဖမ်းဆီးရမိပြီး မုံရွာမြို့နယ်မြေ ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

နှင်းသက်ဝေခိုင်
Monywa Gazette
https://www.facebook.com/monywagazette
အမျိုးသမီးဘော်ဒါဆောင်အနီး ဂစ်တာတီးနေသော တက္ကသိုလ် ကျောင်းသား သုံး ဦး ဓားထိုးခံရ အမျိုးသမီးဘော်ဒါဆောင်အနီး ဂစ်တာတီးနေသော တက္ကသိုလ် ကျောင်းသား သုံး ဦး ဓားထိုးခံရ Reviewed by THITHTOOLWIN on 10:15 Rating: 5
Powered by Blogger.