ပီချောင်းဘက်တွင် အမျိုးသမီးတစ်ဦးမိုင်းနင်းသေဆုံး

(သေဆုံးသူ၏ဓာတ်ပုံနှင့်ပြန်တင်ခြင်းဖြစ်သည်)

စက်တင်ဘာ ၂၁--

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအထက်ပိုင်း ငတိန်းအုပ်စု ငတိန်းကျေးရွာနေ ဒေါ်ဖြစ်လိုက် အသက် ၂၈သည် မနေ့က သူငယ်ချင်းငါးဦးနှင့်အတူ ဝဥရှာဖွေရင်း အမည်မသိသေးသော အဖွဲ့ထောင်ထားသောမိုင်းကို နင်းမိပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

"ဒီမနက်တော့  စိတ်မကောင်းစရာ သတင်းရောက်လာပါတယ့့် ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် ဓမ္မဆရာ ဦးထွန်းစိန်ရဲ့ ညီမအငယ်ဆုံး ဒေါ်ဖြစ်လိုက်(အသက် ၂၈)မှိုင်းဗုံး နင်းမိ သေဆုံးရခြင်း သတင်းပါ" ဟု ပလက်ဝတွင်သာသနာ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာတော်ဟွေ့ကြိုင်က ဆိုသည်။

စက်တင်ဘာ ၂၀ရက်နေ့  နေ့လည်ပိုင်းကဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဒေါ်ဖြစ်လိုက်၏အဖော် မတိန်းတင်(အသက် ၁၈နှစ်)သည်လည်း ပေါက်ကွဲသော မိုင်းအရှိန်ကြောင့် ထိခိုက်ဒါဏ်ရာရလျှက်ရှိသည်။

ဒေါ်ဖြစ်လိုက်နှင့်အဖော် ၅ယောက်သည် ဝဥ ရှာဖွေရန် ရွာမှမိနစ် ၃၀လောက်သွားရသော ခရုတောင်စောင်းတွင် လက်နက်ကိုင်များထောင်ထားသည်ဟုယူဆရသော မှိုင်းဗုံးတစ်လုံးနင်းမိသေဆုံးရခြင်းဖြစ်သည်။

"ဒီလိုအပြစ်မဲ့ ပီချောင်းဒေသ ပြည်သူများ မြေစာပင်ဖြစ်လိုက်ရတာ နှစ်စဉ်လိုလို ကြုံနေရပါတယ့့် ခုတစ်ခါ ဒေါ်ဖြစ်လိုက် လည်း ဖြစ်လိုက်ရပြန်ပါပြီ့ ပြည်သူများ ဘယ်လို စားသာက်အသက်ရှင်နိုင်မှာလဲ့ ကျီးလန့် စာ စားနေတဲ့ ပီချောင်းဒေသဖြစ်နေပါပြီလေ။ RIPပါ ဒေါ်ဖြစ်လိုက်ရေ.." ဟု သိက္ခာတော်ရဆရာဟွေ့ကြိုင်က ဆိုသည်။

အလွန်ငြိမ်းချမ်းခဲ့သော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၅ခုနှစ် မတ်လမှစတင်ကာ AAလက်နက်ကိုင်များဝင်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်နှင့်အကြိမ်ကြိမ် ပစ်ခက်မှုများဖြစ်ပျက်ခဲ့ပြီး မိုင်းနင်းသေဆုံးများ၊ သေနတ်မှန်သူများ၊ ရွာမီးရှို့ခြင်း၊ လမ်းပြအဖြစ်အတင်းအားဓမ္မခေါ်ခြင်း၊ ပစ္စည်းများလုယူခြင်းများဖြစ်ပေါ်ခဲ့ကာ အိုးအိမ်စွန့်က ဘေးလွှတ်ရုန်းတိမ်းရှောင်ပြေးသူများ ထောင်ကျော်ရှိနေသည်။

Khumi Media Group -ခူမီးမီဒီယာ
https://www.facebook.com/khumimediagroup
ပီချောင်းဘက်တွင် အမျိုးသမီးတစ်ဦးမိုင်းနင်းသေဆုံး ပီချောင်းဘက်တွင် အမျိုးသမီးတစ်ဦးမိုင်းနင်းသေဆုံး Reviewed by THITHTOOLWIN on 09:39 Rating: 5
Powered by Blogger.