ချင်းပြည်နယ် တီးတိန်တွင် ရခိုင်လူငယ် ၅ ဦးဖမ်းဆီးခံရ

(ဓာတ်ပုံ- ဖမ်းဆီးခံထားရသည့် လူငယ်များ/The Chinland Post)
နိရဉ္စရာ၊ စက်တင်ဘာ ၂၃

ချင်းပြည်နယ် တီးတိန်ရဲစခန်းတွင် ရခိုင်လူငယ် ၅ ဦးဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တီးတိန်မြို့မရဲစခန်းသို့ နိရဉ္စရာသတင်းဌာနမှ ဖုန်းဖြင့် ဆက်သွယ်ရာ တာဝန်ကျရဲအရာရှိက ဖမ်းဆီးထားခြင်းကို အတည်ပြုသော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။

“ စစ်ဆေးနေတုန်းဖြစ်တယ်။ ဘာမှ မသိရသေးဘူး။ဘယ်နေ့က ဖမ်းသလဲ။ ဘယ်နှယောက် ဖမ်းတယ်ဆိုတာ စခန်းမှူးကိုသာမေးပါ” ဟု ပြောဆိုကာ ဖုန်းချသွားခဲ့သည်။

ဖမ်းဆီးခံထားရသူ လူငယ် ၅ ဦးထဲတွင် စစ်တွေမှ တစ်ဦး၊ ပလက်ဝမှ တစ်ဦးနှင့် ကျောက်တော်မှ သုံးဦးတို့ဖြစ်ကြောင်း သိရသည်။

The Chinland Post သတင်းတွင် ဖမ်းဆီးခံရသူများကို ဖော်ပြရာ Arakan Army (AA) ဟု ယူဆရသော မောင်အေးမောင် ၁၁/ကတန(နိုင်) ၁၄၅၇၃၅၊ မောင် သန်းစိုးဝင်း ၄/ပလ၀ (နိုင်) ၀၇၃၇၀၂ ၊ မောင် ခိုင်မောင်စိုး ၁၁ /ကတန(နိုင်)၁၈၁၈၃၂၊ မောင် မျိုးမင်းလှိုင် ၁၁/စတန(နိုင်) ၁၀၈၈၆၃နှင့် မောင် ရွေဝင်း ၁၁ /ကတန(နိုင်) ၁၇၈၉၀၃ (၅)ဦးတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့ (၅) ဦးသည် ရခိုင်မှ ရန်ကုန်။ ရန်ကုန်မှ ကလေးမြို့။ ကလေးမြို့မှ ရိဒ်နယ်စပ်နယ်စပ်ဂိတ်မှ တစ်ဆင့် ဗုဒ္ဒဂါယာသို့ သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်ဟုလည်း The Chinland Post တွင် ဖော်ပြထားသည်။

သူတို့ ၅ ဦးအား ချင်းပြည်နယ် တီးတိန်မြို့ရဲစခန်းမှ စက်တင်ဘာ ၂၂ ရက် နေ့လယ်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု ရှိ / မရှိ စစ်ဆေးနေကြောင်း တီးတိန်ဒေသခံတဦးကို ကိုးကားပြီး ၎င်း The Chinland Post တွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
ချင်းပြည်နယ် တီးတိန်တွင် ရခိုင်လူငယ် ၅ ဦးဖမ်းဆီးခံရ ချင်းပြည်နယ် တီးတိန်တွင် ရခိုင်လူငယ် ၅ ဦးဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.