ဒုတိယကမ္ဘာစစ် လက်ကျန်ဟု ယူဆရသည့် တင့်မော်တော်ယာဉ် အပျက်တစ်စီး အားဖားကန့်မြို့နယ် အတွင်းတွေ့ရှိ


မြစ်ကြီးနား၊ စက်တင်​ဘာ၂၃

ဖားကန့်မြို့နယ် ကာမိုင်းမြို့အပိုင်နယ်မြေ အတွင်း မှ ဒုတိယကမ္ဘာစစ်လက်ကျန် ဟုယူဆရသည့် တင့်မော်တော်ယာဉ်အပျက်တစ်စီးကို စက်တင်ဘာ ၂၂ရက်ကဒေသခံပြည်သူများမှ တွေ့ရှိခဲ့​ကြောင်း သိရသည်။


အဆိုပါ တင့်မော်တော်ယာဉ် အပျက်ကို ကာမိုင်းမြို့ အနောက်မြောက်ဖက် ၂၄မိုင်ခန့်အကွာရှိ ၀ါယာဇွတ်ကျေးရွာအနီး လီဒိုလမ်းမကြီးနှင့် ၃ဖာလုံ ခန့်အကွာ နန်ဆန်ချောင်းအတွင်း တွေ့ရှိခြင်းဖြစ်ကာ အမြင့် (၈)ပေ၊ အလျား (၁၆)ပေနှင့်အနံ (၈)ပေရှိပြီး အဆိုပါ တင့်မော်တော်ယာဉ်တွင် အသားတံဆိပ်နံပါတ်​ D37904C ဟု ရိုက်နှိပ်​ပါရှိ​ကြောင်း သိရသည်​။


ဒေသခံပြည်သူများ ၏ ​ဆက်သွယ်သတင်းပို့ချက်အရ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများက စက်ယန္တရား အသုံးပြု၍ သွားရောက် ဆယ်တင်ကာ နယ်မြေခံတပ်မှတဆင့် သက်ဆိုင်ရာသို့ သတင်းပို့ဆက်သွယ်ကာ ထိန်းသိမ်းစောင့်ရန်စီစဉ်နေကြောင်း ဒေသခံပြည်သူများ ၏ပြောကြားချက်အရ သတင်းရရှိသည်။

ကျော်​သက်​ဦး
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
ဒုတိယကမ္ဘာစစ် လက်ကျန်ဟု ယူဆရသည့် တင့်မော်တော်ယာဉ် အပျက်တစ်စီး အားဖားကန့်မြို့နယ် အတွင်းတွေ့ရှိ ဒုတိယကမ္ဘာစစ် လက်ကျန်ဟု ယူဆရသည့် တင့်မော်တော်ယာဉ် အပျက်တစ်စီး အားဖားကန့်မြို့နယ် အတွင်းတွေ့ရှိ Reviewed by THITHTOOLWIN on 21:58 Rating: 5
Powered by Blogger.