မြောက်ဦးဆူပူမှုကြောင့် ဖမ်းဆီးခံထားရသူ ၈ ဦးအား ထောင် (၈)လချမှတ်သည့်နေ့တွင် ပြန်လည်လွတ်မြောက်လာ

ဓာတ်ပုံ - ပြန်လည်လွတ်မြောက်လာသူ (၈)ဦးအနက် အချို့အားတွေ့ရစဉ်။
စစ်တွေ၊ စက်တင်ဘာ ၂၄၊ ၂၀၁၈။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်ဖြစ်ပွားခဲ့သည့်ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံထားရသူ ၈ ဦးအား ထောင် (၈)လချမှတ်လိုက်သည့်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ထောင်ချခံရသူ (၈)ဦးအား ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ၆ (၁)ဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စစ်တွေမြို့နယ် တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် (၈)လစီချမှတ်ခဲ့ရာ ချုပ်ရက်များကို ထုတ်နှုတ်ခံစားခွင့်ရရှိသည့်အတွက် ယင်းနေ့တွင်ပင်ပြန်လည်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအမှုအားဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေက ဒေါ်အေးနုစိန်က ပြောသည်။

"အရပ်သားစကားဆိုရင် ကျ၊ လွတ်လို့ ပြောတာပေါ့လေ။ ဆိုတော့ သူတို့ကို ဒီနေ့ပဲ လွှတ်လိုက်ပါပြီ။"ဟု ဒေါ်အေးနုစိန်က ပြောသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ထွန်းကျော်စိန်၊ အောင်ကျော်မြင့်၊ ကျော်ကျော်နိုင်၊ ကျော်ဝင်းနိုင်၊ ကျော်မင်းစိုး၊ ဦးသန်းဇော်၊ ၊ ရွှေမောင်နှင့် အောင်ဌေးတို့ဖြစ်ပြီး ယင်းအထဲတွင် မြောက်ဦးမြို့ပေါ်နှင့် နယ်ကျေးရွာအချို့မှ ပါဝင်သည်။

"လွတ်လာတော့ ဝမ်းသာပါတယ်။ ဒါပေမယ့် ၈ လလုံးလုံးနေခဲ့ရတော့ ကျနော်တို့မှာ စီးပွားရေးလည်း ပျက်တော့ အခက်အခဲဖြစ်ရပါတယ်။"ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ယခုလွတ်မြောက်လာသူများသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့၊ ညက မြောက်ဦးမြို့တွင် အရပ်သား ၇ ဦး သေနတ်ထိမှန်သေဆုံးခဲ့ရပြီး အရပ်သား ၁၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရသည့် ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများဖြစ်သည်။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar/
မြောက်ဦးဆူပူမှုကြောင့် ဖမ်းဆီးခံထားရသူ ၈ ဦးအား ထောင် (၈)လချမှတ်သည့်နေ့တွင် ပြန်လည်လွတ်မြောက်လာ မြောက်ဦးဆူပူမှုကြောင့် ဖမ်းဆီးခံထားရသူ ၈ ဦးအား ထောင် (၈)လချမှတ်သည့်နေ့တွင် ပြန်လည်လွတ်မြောက်လာ Reviewed by THITHTOOLWIN on 19:39 Rating: 5
Powered by Blogger.