သစ်တောတွေကို စောင့်ရှောက်ဖို့ အမဲမလိုက်တော့တဲ့ နာဂတွေ

မုဆိုးကျော် ချိုင်ယီဗီ
အိန္ဒိယ အရှေ့မြောက်ပိုင်း နာဂပြည်နယ် မှာ သဘာဝ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့ အမဲလိုက်တဲ့ ဓလေ့ကို စွန့်လွှတ်လိုက်တဲ့ လူမျိုးစု တစု ရှိပါတယ်။

အသက် ၇၆ နှစ် ရှိပြီ ဖြစ်တဲ့ ချိုင်ယီဗီဟာ တခါတုန်းကတော့ နာမည်ကကြီး မုဆိုးကျော်ပါ။ ဒါပေမဲ့ သူအမဲမလိုက်တာ အနှစ် ၂ဝ ရှိတော့မှာပါ။

အန်ဂါမီ နာဂတွေက အနာဂတ် မျိုးဆက်တွေ အတွက် ဂေဟစနစ်ကို ပိုတည်ငြိမ်စေဖို့ ဒီအသက်မွေးဝမ်းကြောင်းစနစ်ကို စွန့်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

ခိုနိုမာ ရွာက လူတွေဟာ နှစ်ရာချီပြီး အမဲလိုက်လာကြတာပါ။ ဒါ သူတို့ဘဝပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Sayan Hazra
၁၉၉၃ ကစပြီး အမဲလိုက်တာကို စွန့်လွှတ်ဖို့ မျိုးနွယ်ဝင် တချို့က စပြီး လှုပ်ရှားလာကြပါတယ်။ သူတို့ ဖမ်းနေကျ ရစ်ငှက်တမျိုးဟာ ပျောက်ကွယ်လုနီး မျိုးစိတ်ဖြစ်နေမှန်း သိပြီး ဒီလို စပြောင်းလဲလာတာပါ။

ဒီမှာ ငှက်မျိုးတွေ ရာနဲ့ချီ ရှိသလို အသားစားဖို့ သတ်ဖြတ်ခံနေရပါတယ်။

ဒီလှုပ်ရှားမှုကြောင့် ရွာလူကြီးတွေက ၇ စတုရန်းမိုင် လောက်ရှိတဲ့ သစ်တောမြေကို ဘေးမဲ့နယ်မြေ သတ်မှတ်ပြီး အမဲမလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၁၉၉၈ မှာတော့ ဒီနေရာဟာ ခိုနိုမာ ဘေးမဲ့နယ်မြေ ဖြစ်လာပါတယ်။

အမဲလိုက်တာ၊ ထင်းခုတ်တာနဲ့ သစ်တော မီးရှို့တာတွေ မလုပ်ဖို့၊ သဘာဝ သယံဇာတတွေ ပျက်စီးမယ့် စီးပွားရေးတွေ မလုပ်ဖို့ ရွာက ဆုံးဖြတ်ခဲ့တာပါ။
ရွာထုံးစံအရ အိမ်တွေမှာ သူတို့အမဲလိုက်လို့ရတဲ့ တောကောင်တွေရဲ့ ခေါင်းခွံတွေကို ထားတတ်ကြပါတယ်။

အခု သူတို့ ရိုင်ဖယ် သေနတ်တွေ မကိုင်တော့ပေမယ့် ဒီခေါင်းခွံတွေကိုတော့ အမှတ်တရ ထားတုန်း ဖြစ်ပါတယ်။

သေနတ်တွေနဲ့ ထောင်ချောက်တွေ သုံးပြီး တောလိုက်တာကလည်း နာဂပြည်နယ်မှာ ခေတ်စားပါတယ်။

မျိုးဆက်နဲ့ချီပြီး ဒီလက်နက်တွေကို အမြတ်တနိုး သုံးလာကြတာပါ။

ဒီမျိုးနွယ်စုတွေက ရိုးရာ ဂီတကိုလည်း မြတ်နိုးပါတယ်။


ခိုနိုမာ ရွာမှာ ဆေးဘက်ဝင် အပင်တွေလည်း ပေါပါတယ်။

အခုဆိုရင် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ သုံးတာကိုပါ ဒီနာဂတွေ စွန့်လွှတ်လိုက်ပါပြီ။


ဒီကျေးငှက် ပန်းမန်နဲ့ တောကောင်တွေ သစ်ပင်တွေ မရှိတော့ရင် သူတို့နာမည်တွေဟာ နောက်မျိုးဆက်တွေ အတွက် အဓိပ္ပာယ် ရှိတော့မှာ မဟုတ်ဘူးလို့လည်း ကျေးရွာ တောရိုင်းမြေ စောင့်ရှောက်ရေး အဖွဲ့ ဥက္ကဋ္ဌက ဆိုပါတယ်။

ကျွန်တော်တို့ ဘဝက သဘာဝတောရိုင်းတွေနဲ့ အင်မတန် ဆက်နွယ်ပါတယ်၊ ဒါကြောင့် သူတို့ကို ကာကွယ်ဖို့ ဆုံးဖြတ်ထားပါတယ် လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese
သစ်တောတွေကို စောင့်ရှောက်ဖို့ အမဲမလိုက်တော့တဲ့ နာဂတွေ သစ်တောတွေကို စောင့်ရှောက်ဖို့ အမဲမလိုက်တော့တဲ့ နာဂတွေ Reviewed by THITHTOOLWIN on 22:26 Rating: 5
Powered by Blogger.