မောတောင်မြို့တွင် အရက်ကြောင်ပြီး ကိုင်းခုတ် ဓါးဖြင့် လိုက်ခုတ်တာကြောင့် လူ ၃ ဦးဒဏ်ရာ ရ


မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် အရက်ကြောင်ပြီး ကိုင်းခုတ်ဓါးဖြင့် လိုက်ခုတ်တာကြောင့် လူ ၃ ဦးဒဏ်ရာ ရရှိကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ နေ့လယ် ၁ နာရီခန့်က မောတောင်မြို့၊ ပြည်ထောင်စု(၁)လမ်းမပေါ်တွင် ပြည့်ဖြိုးအောင်(၂၇)နှစ်၊ ဆိုသူမှ လက်ထဲတွင် ကိုင်းခုတ်ဓါးနှင့် ဓါးအိမ်ကိုင်ဆောင်ပြီး ၎င်း၏ရှေ့တွင်လမ်းလျှောက်နေသည့် ဦးအောင်ကျော်ဝင်းအား ဓါးအိမ်ဖြင့်ရိုက်လိုက်ရာ လက်ဖြင့်ကာလိုက်တာကြောင့် ဝဲဘက်လက်ဖူးရောင်ဒဏ်ရာရပြီး ထွက်ပြေးသွားသဖြင့် ၎င်း၏အနီး၌ရှိနေသည့် ဦးသန်းဌေးအား ကိုင်းခုတ်ဓါးဖြင့်လိုက်ခုတ်ရာ ဦးသန်းဌေး၏ ဝဲဘက်ခြေသလုံးတွင် ပြတ်ရှဒဏ်ရာ ၁ချက်ရပြီးနောက် ပြည့်ဖြိုးပိုင်မှ လမ်းလျှောက်နေသည့် ဒေါ်တင်တင်သွယ်အား ကိုင်းခုတ်ဓါးဖြင့်ပြေးခုတ်ရာ ဒေါ်တင်တင်သွယ်တွင် ဦးခေါင်းဂျိုစောင်း၌ ၂ လက်မခန့် ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

အရက်ကြောင်ပြီး ဓါးဖြင့်ရမ်းကားသူ ပြည့်ဖြိုးအောင်အား မောတောင်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အရေးယူထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (FB)
မောတောင်မြို့တွင် အရက်ကြောင်ပြီး ကိုင်းခုတ် ဓါးဖြင့် လိုက်ခုတ်တာကြောင့် လူ ၃ ဦးဒဏ်ရာ ရ မောတောင်မြို့တွင် အရက်ကြောင်ပြီး ကိုင်းခုတ် ဓါးဖြင့် လိုက်ခုတ်တာကြောင့် လူ ၃ ဦးဒဏ်ရာ  ရ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.