ပါကစ္စတန်ကို ပေးမယ့် အကူအညီ ကန် ဖျက်သိမ်း


စစ်သွေးကြွတွေကို ပြတ်ပြတ်သားသား အရေးယူဖို့ ပျက်ကွက်တဲ့အတွက် ပါကစ္စတန်ကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ပေးမယ့် အကူအညီ ဖျက်သိမ်းဖို့ အပြီးသတ်ဆုံးဖြတ်လိုက်ပြီလို့ အမေရိကန် ကာကွယ်ရေးဌာနက ပြောကြားပါတယ်။

ပါကစ္စတန်ကို အရင်က ထောက်ပံ့ကူညီတာတွေဟာ အချည်းနှီးပဲဖြစ်ပြီး အလိမ်အညာနဲ့ လှည့်ဖျားတာပဲရတယ်လို့ ဒီနှစ် အစပိုင်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့် က စွပ်စွဲထားပါတယ်။

အိမ်နီးချင်း အာဖဂန်နိုင်ငံက ၁၇ နှစ်ကြာဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ပါကစ္စတန်ဟာ သူပုန်တွေ ခိုလှုံရာ ဖြစ်နေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။ ပါကစ္စတန်က ဒီလို စွပ်စွဲတာမမှန်ဘူးလို့ ငြင်းပါတယ်။ ဒါပေမဲ့ ဒီအပြုအမူကို ပြောင်းမယ်ဆိုရင် အမေရိကန်ကပေးတဲ့ အထောက်အပံ့ရနိုင်တဲ့ အလားအလာရှိတယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pg/rfaburmese
ပါကစ္စတန်ကို ပေးမယ့် အကူအညီ ကန် ဖျက်သိမ်း ပါကစ္စတန်ကို ပေးမယ့် အကူအညီ ကန် ဖျက်သိမ်း Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.