ဗုဒ္ဓဂါယာက သံဃာတစ်ပါး ဖမ်းဆီးခံရ


ဗုဒ္ဓဂါယာမှာ တရားစခန်းဖွင့်ထားတဲ့ သံဃာတစ်ပါးကို ကျောင်းသားငယ်တွေအပေါ် မဖွယ်မရာ ပြုကျင့်မှုနဲ့ ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က စနေနေ့က ကြေညာပါတယ်။

အဲဒီ ဘွဲ့အမည် Bhante Shanghpriya Sujoy ဆိုတဲ့ သံဃာက သူတို့ကို ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခြင်း၊ အဝတ်အစားမဲ့ ကပြခိုင်းခြင်းတွေ ပြုမူခဲ့တယ်လို့ အသက် ၆ နှစ်က ၁၂ အထိရှိတဲ့ ကလေးငယ် ၁၅ ဦးက ပြောပါတယ်။ အဲဒီ သံဃာက သူခိုင်းတာမလုပ်ရင် အစာရေစာမကျွေးဘဲ အခန်းထဲမှာ လှောင်ပိတ်ထားတတ်တယ်လို့လည်း ဆိုပါတယ်။

ကလေးတွေဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက ဆင်းရဲသား မိသားစုဝင်တွေဖြစ်ပြီး တရားစခန်းမှာ လာရောက် မှီခိုနေထိုင်ကြသူတွေဖြစ်ကြောင်းနဲ့ ဂေါပကအဖွဲ့ကို အခုစစ်ဆေးနေကြောင်း ဗုဒ္ဓဂါယာ ရဲတပ်ဖွဲ့က ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဗုဒ္ဓဂါယာက သံဃာတစ်ပါး ဖမ်းဆီးခံရ ဗုဒ္ဓဂါယာက သံဃာတစ်ပါး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 09:24 Rating: 5
Powered by Blogger.