အိန္ဒိယဝန်ကြီးချုပ် နုတ်ထွက်ဖို့ ဖိအားပေးခံရ

Photo: AP

 အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ရာထူးကနေနုတ်ထွက်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြင်သစ်နိုင်ငံက ကာကွယ်ရေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီကနေ ရာဖေးလ်ဂျက်လေယာဉ် ၃၆ စီးဝယ်ဖို့ ၂၀၁၆ ခုနှစ်က သဘောတူစာချုပ်ချုပ်တဲ့အခါမှာ လာဘ်စားမှုရှိတယ်လို့ စွပ်စွဲခံနေရချိန်မှာ ပြင်သစ် သမ္မတဟောင်း ဖရန်ကို ဟောလန်ဒေးက ထပ်လောင်းပြောဆိုလိုက်တဲ့အတွက် အခုလိုဖြစ်လာတာပါ။

ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ Dassault လေယာဉ်ကုမ္ပဏီက၊ အိန္ဒိယအစိုးရပိုင် HAL ဆိုတဲ့ Hindustan Aeronautics Limited နဲ့စာချုပ်မချုပ်ဘဲ အိန္ဒိယသူဌေးကြီး အနေးလ် အမ်ဘာနီရဲ့ Reliance Group နဲ့ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီ Reliance Group ကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့ အိန္ဒိယအစိုးရက အဆိုပြုခဲ့တာလို့ ပြင်သစ်သမ္မတဟောင်းက ထုတ်ပြောလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အခုကိစ္စဟာ အိန္ဒိယသတင်းစာရဲ့ စနေနေ့အတွက် မျက်နှာဖုံးသတင်းလည်း ဖြစ်သွားခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ