ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်၌ တရားမဝင်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ


ရိခေါဒါရ် စက်တင်ဘာ ၂၂

ချင်းပြည်နယ် ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၌ နယ်မြေ လုံခြုံရေးပူးပေါင်းအဖွဲ့မှ စက်တင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီက အိန္ဒိယနိုင်ငံ ဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူတစ်ဦးအား စစ်ဆေးခဲ့ရာ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်တံတားတွင် နယ်စပ်ကုန်သွယ်ရေးဂိတ် တာဝန်ကျ လုံခြုံရေးပူးပေါင်းအဖွဲ့သည် အိန္ဒိယနိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသော ဒေးဗစ်ထန်း (၃ဝ နှစ်) ဖလမ်းမြို့နယ် ရမ်ထလိုကျေးရွာနေသူ သယ်ဆောင်လာသော ပီနံအိတ်အား စစ်ဆေးရှာဖွေရာ Cyprimed စာတန်းပါ အိန္ဒိယနိုင်ငံထုတ် အားဆေးဘူး ၁၅ ဘူး၊ Pydina- s စာတန်းပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် အစာအိမ် အားတိုးဆေး ၁၂ ဘူး စီပါ သုံးဖာ၊ Pudina-s စာတန်းပါ အစာအိမ်အားတိုး ဆေး ၁၁ ဘူးပါ တစ်ဖာ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၃၈ဝ၅ဝ အား တရားမဝင် သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရ၍ ရဲအုပ် သန်းဇော်က သိမ်းဆည်းခဲ့သည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် ဆေးဝါးမျိုးစုံအား တရားမဝင်သယ်ဆောင်လာသူ ဦးဒေးဗစ်ထန်းအား ရိခေါဒါရ်နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်၌ တရားမဝင်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ ရိခေါဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နယ်စပ်ဂိတ်၌ တရားမဝင်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.