ပိုးသတ်ဆေးဖြန်းရာမှ အဆိပ်မိ၍ သေဆုံး

 နမူနာဓါတ်ပုံသာဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ မင်းကျီကျေးရွာတွင် အမျိုးသားတစ်ဦး ပိုးသတ်ဆေးဖြန်းရာမှ အဆိပ်မိသေဆုံး သွားကြောင်း သိရပါသည်။

သတင်းအရ ဝက်လက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဆန်းဗိုလ်(၄၈)နှစ်သည် လယ်ကွက်သို့ စပါးစိုက်ခင်း အား ဆေးဖြန်းရန်ထွက်သွားရာမှ ပြန်လည်ရောက်ရှိခြင်းမရှိဘဲ လယ်ထဲ၌ ပိုးသတ်ဆေးမှုန့်ထုပ်များ ကိုင်ဆောင်ကာ ပါးစပ်မှအမြှုပ်များထွက်၍ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သောကြောင့် ဝက်လက်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၂/၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေး လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်
ပိုးသတ်ဆေးဖြန်းရာမှ အဆိပ်မိ၍ သေဆုံး ပိုးသတ်ဆေးဖြန်းရာမှ အဆိပ်မိ၍ သေဆုံး Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.