ဆရာဝန်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး

 ဒေါက်တာ ကြည်ဆန်းထက် ။ ဓါတ်ပုံ - Kyi San Htet (fb)
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ မြို့နယ်၊ ကံရိုးကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၁၇၂/၅-၆)ကြား Felling စားသောက် ဆိုင်ရှေ့တွင် ဆရာဝန်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရပါသည်။

အဆိုပါ ယာဉ်တိုက်မှုအား တောင်ငူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့၊ (၂)ရပ်ကွက်နေ ညွှန့်မောင်ဝင်း(၄၈)နှစ် မောင်းနှင်လာသော 6B/×××× Nissan Diesel Truck ပြာ/လိမ္မော်ရောင်(၁၂)ဘီးယာဉ်သည် လမ်းဖြတ်ကူးသူ အုတ်တွင်းမြို့နေ ဒေါက်တာ ကြည်ဆန်းထက် (၅၂)နှစ်အား တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 ဒေါက်တာ ကြည်ဆန်းထက် တွင် ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ညွှန့်မောင်ဝင်း အား တောင်ငူမြို့မရဲစခန်း ယာဉ်(ပ)၇၅/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိပါသည်။

သစ်ထူးလွင်
ဆရာဝန်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး ဆရာဝန်တစ်ဦး ကားတိုက်ခံရ၍ သေဆုံး Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.