အောင်ရဲထွေးအမှု လာဘ်ငွေရယူခဲ့တဲ့ ဥပအေရာရှိ ၆ ဦးကို တရားစွဲ

အသတ်ခံရတဲ့ သရုပ်ဆောင် အောင်ရဲထွေးနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးကို တွေ့ရစဉ်။ Photo: Aung Ye Htwe and ACC Myanmar
ဟာသသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့ အမှုကိစ္စနဲ့ ပက်သက်ပြီး ရန်ကုန်တိုင်း ဥပဒေ အရာရှိချုပ်နဲ့ တရားသူကြီး အပါအဝင် ဥပဒေအရာရှိခြောက်ဦးကို လာဘ်ငွေရယူမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ဒီကနေ့ အမှုဖွင့် အရေးယူလိုက်ပါတယ်။

ဒီလိုအရေးယူရာမှာ ကျပ်ငွေ သိန်း ၃ဝ ကနေ ၃ဝဝ ကျော်အထိ တရားခံမိသားစုတွေဆီကနေ လာဘ်ငွေရယူ ခဲ့တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး က RFA ကို အတည်ပြုပြောကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူအမှုဖွင့်တာဖြစ်ပါတယ်။

ဟာသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရတဲ့အမှုနဲ့ ပက်သက်ပြီး တရားခံတွေကို တရားရုံးကို ကွင်းလုံးကျွတ် လွတ်ခဲ့တာနဲ့ ပက်သက်ပြီး သမ္မတအပါအဝင် နိုင်ငံတော် အကြီးအကဲတွေက အခုအမှုကို ပြန်လည်စစ်ဆေးဖို့ ပြောကြားခဲ့ပါတယ်။

အောင်ရဲထွေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးညမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ပေါ်ဆန်းမွှေးလမ်းမှာရှိတဲ့ The one Entertainment က ပါတီပွဲကို တက်ရောက်ရင်း လူတစုက ၀ိုင်းဝန်းထိုးကြိတ်တာကိုခံရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
အောင်ရဲထွေးအမှု လာဘ်ငွေရယူခဲ့တဲ့ ဥပအေရာရှိ ၆ ဦးကို တရားစွဲ အောင်ရဲထွေးအမှု လာဘ်ငွေရယူခဲ့တဲ့ ဥပအေရာရှိ ၆ ဦးကို တရားစွဲ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.