ပေါင်မြို့တွင် ကုန်တင်ယာဉ်တစ်စီး တံတားအောက်ပြုတ်ကျ ၃ ဦးဒဏ်ရာရ


မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ နတ်ကြီးချောင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းက မော်တော်ယာဉ်တစ်ဦးအရှိန်လွန်ပြီး တံတားအောက်ပြုတ်ကျခဲ့ရာ ယာဉ်ပေါ်ပါသူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှ သိရှိရသည်။

"ဖြစ်တဲ့ကားက အရှေ့ကားကိုကျော်တက်ရာကနေ အရှိန်လွန်ပြီးတံတားအောက်ကျသွားတာ။ ကားမောင်းသ မားကိုတော့ ခက်ခက်ခဲခဲဆွဲထုတ်ခဲ့ရတယ်။ ဒဏ်ရာရလူနာတွေကို မော်လမြိုင်ဆေးရုံပို့ထားရတယ်။''ဟု ပေါင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

မော်လမြိုင်ဘက်မှ ပေါင်မြို့နယ်ဘက်သို့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နေ ယာဉ်မောင်း နေဖြိုးလှိုင် ၂၃ နှစ် မောင်းနှင်လာသော ယာဉ်အမှတ်၊ 6N/8355 Hino Dutro အဖြူရောင်ယာဉ်သည် မိုင်တိုင်အမှတ် ၁၇၈/၅ နှင့် ၁၇၈ /၆ ကြားအရောက်တွင် ရှေ့ယာဉ်အားကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နတ်ကြီးချောင်ကျေးရွာ တံတား အမှတ် ၄/ ၁၇၉ အားတိုက်မိကာ တံတားအောက်သို့ထိုးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း နေဖြိုးနှင့် ယာဉ်ပေါ်ပါ အောင်အောင်ဦးမှာ မစိုးရိမ်ရသည့်ဒဏ်ရာများ နှင့် ဦးသန်းစိုးမှာ စိုးရိမ်ရသည့်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မုတ္တမနယ်မြေရဲစခန်းက ယာဉ်မောင်း နေဖြိုးလှိုင် ၂၃ နှစ်ကို ယာဉ်(ပ)၂၇/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပေါင်မြို့တွင် ကုန်တင်ယာဉ်တစ်စီး တံတားအောက်ပြုတ်ကျ ၃ ဦးဒဏ်ရာရ ပေါင်မြို့တွင် ကုန်တင်ယာဉ်တစ်စီး တံတားအောက်ပြုတ်ကျ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.