ဘတ္ထရီအိုးဖြင့် စာကြည့်နေစဉ် နဝမတန်းကျောင်းသူ မိုးကြိုးပစ်ခံရ သေဆုံး


ဆင်ပေါင်ဝဲ ၃ စက်တင်ဘာ

ဆင်ပေါင်ဝဲမြို့နယ်၊ တောညောင်ပင်သာကျေးရွာတွင် စက်တင်ဘာ(၂)ရက်နေ့က နဝမတန်းကျောင်းသူတစ်ဦး ဘတ္ထရီအိုးဖြင့် စာကြည့်နေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ကြောင်း ကိုးပင်နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ(၂)ရက်နေ့ ည(၈)နာရီ အချိန်က ချောင်းကောက်တိုက်နယ်ဆေးရုံတွင် မိုးကြိုးပစ်ခံရသည့် လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းပေးချက်အရ ကိုးပင်နယ်မြေရဲစခန်းမှူး ရဲအုပ် မျိုးညွန့် သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ မချောသိင်္ဂီ၊ ၁၄နှစ်၊(၉)တန်း ကျောင်းသူ(အထက-ကိုးပင်)၊ တောညောင်ပင်သာကျေးရွာ၊ ဆင်ပေါင်ဝဲမြို့နယ် နေသူဖြစ်ပြီး ၎င်း၏ ယာနံဘေးတွင် အပူလောင်ဒဏ်ရာနှင့် ယာဘက်ရင်အောက်ပိုင်းတွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

သေဆုံးမှုနှင့်ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန်အတွက် ကိုးပင်နယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဘတ္ထရီအိုးဖြင့် စာကြည့်နေစဉ် နဝမတန်းကျောင်းသူ မိုးကြိုးပစ်ခံရ သေဆုံး ဘတ္ထရီအိုးဖြင့် စာကြည့်နေစဉ် နဝမတန်းကျောင်းသူ မိုးကြိုးပစ်ခံရ သေဆုံး Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.