တောင်ကိုရီယား ဒေဝူး ဘတ်စ်ကားတွေ မြန်မာပြည်တွင်းမှာ ထုတ်လုပ်မည်


တောင်ကိုရီးယားနိုင်ငံထုတ် Daewoo ကုမ္ပဏီက ဘတ်စ်ကားတွေကို မြန်မာနိုင်ငံမှာ ပြည်တွင်းကုမ္ပဏီတွေနဲ့ ဖက်စပ်ပြီး ၂ဝ၂ဝ ခုနှစ်မှာ စတင်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

ဖက်စပ်လုပ်ကိုင်ရာမှာ Daewoo ဘက်က အမေရိကန်ဒေါ်လာ ၅ သန်း၊ ပိုင်ဆိုင်မှု ၂၅ ရာခိုင်နှုန်း ထည့်ဝင်မှာဖြစ်ပြီး မြန်မာဘက်က ၇၅ ရာခိုင်နှုန်း ပါဝင်မှာဖြစ်ပါတယ်။ ဒီဖက်စပ်လုပ်ငန်းအတွက် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မတီက မကြာသေးခင်က အတည်ပြုထားပြီး ဖြစ်ပါတယ်။

ကားစက်ရုံမြေနေရာကို အစိုးရထံက ငှားရမ်းမှာဖြစ်ပြီး၊ အသေးစားဘတ်စ်ကားတွေကို ပြည်တွင်းမှာ တပ်ဆင်မှာ ဖြစ်ပါတယ်။ အလားတူ ဒီကားတွေကို ပြင်ဆင်ထိန်းသိမ်းရေးနဲ့ စစ်ဆေးရေး လုပ်ငန်းတွေကိုလည်း တွဲဘက် လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒီဖက်စပ်လုပ်ငန်းကနေ မြန်မာနိုင်ငံအတွက် အလုပ်အကိုင် ၂ဝဝ ကျော် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တောင်ကိုရီယား ဒေဝူး ဘတ်စ်ကားတွေ မြန်မာပြည်တွင်းမှာ ထုတ်လုပ်မည်  တောင်ကိုရီယား ဒေဝူး ဘတ်စ်ကားတွေ မြန်မာပြည်တွင်းမှာ ထုတ်လုပ်မည် Reviewed by THITHTOOLWIN on 09:36 Rating: 5
Powered by Blogger.