ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကယ်ဦးထုတ်မဆောင်းရင် ဓာတ်ဆီရောင်းမပေး

၂ဝ၁၈၊ စက်တင်ဘာလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော် မြင်ကွင်း။ Photo: AFP
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့တော်က ဓာတ်ဆီဆိုင်အားလုံးမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းတဲ့ ဆိုင်ကယ်သမားတွေကို ဓာတ်ဆီမရောင်းဖို့ တားမြစ်လိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ပြီးခဲ့တဲ့လက လမ်းတွေမကောင်းလို့ ဆူပူဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးနောက် တင်းမာနေတဲ့ အခြေအနေကို တစိတ်တပိုင်း ဖြေလျှော့ပေးတဲ့အနေနဲ့ အခုလို စည်းကမ်းသတ်မှတ်လိုက်တာလို့ AFP သတင်းက ဖော်ပြပါတယ်။

ဒါ့ပြင် ဆိုင်ကယ်တစီးမှာ လူနှစ်ယောက်ထက်ပိုပြီး မစီးနင်းရဘဲ၊ နောက်ခုံမှာ ထိုင်သူတွေပါ ဦးထုပ်ဆောင်းရမှာဖြစ်တယ်လို့ ဒက္ကားမြို့တော် ရဲမင်းကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့လက ဒက္ကားမြို့မှာ အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ ဘတ်စကားတစီးက ဝင်တိုက်တဲ့အတွက် လမ်းသွားလမ်းလာ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပြီးနောက်၊ ထောင်နဲ့ချီတဲ့ ကျောင်းသူကျောင်းသားတွေ ဆန္ဒပြခဲ့ကြပြီး လမ်းအန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ် အဝေးပြေးလမ်းမတွေမှာ ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် သေဆုံးသူ တသောင်းနှစ်ထောင်လောက် ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကယ်ဦးထုတ်မဆောင်းရင် ဓာတ်ဆီရောင်းမပေး ဘင်္ဂလားဒေ့ရှ်မှာ ဆိုင်ကယ်ဦးထုတ်မဆောင်းရင် ဓာတ်ဆီရောင်းမပေး Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.