ဘူးသီးတောင်မြို့နယ် တွင် ဆင်သေတစ်ကောင် တွေ့ရှိ


ဘူးသီးတောင် စက်တင်ဘာ ၁၅

ဘူးသီးတောင်မြို့တပ်မင်းချောင်းကျေးရွာအုပ်စု ကြိမ်ချောင်း ( တိုင်းရင်းသားကျေး ရွာ) အနောက်ဖက်အနီးတွင် စက်တင်ဘာလ ၁၅ ရက် နံနက် ( ၆း ၃၀ ) အချိန် ဆင်သေ( ပုပ်ပွ) တစ်ကောင်အား ရွာသားများ၏ တွေ့ရှိချက်အရ မြို နယ် သစ်တော ဦးစီးမှူးအပါ အဝင် အဖွဲ့ ဝင်( ၅ ) ဦးနှင့် မြို့နယ်မွေးကုဦးစီးမှူးတို့သည် ၄င်းနေ့နံနက်( ၉း ၄၅ ) အချိန် ၌ ဆင်သေကောင်အားတိုင်းတာ ဆောင်ရွက်ရာ ဆင်သေ ကောင် မှာကျောအလျား - ၈ - ပေ နှာမောင်း - ၄ - ပေ အမြင့် - ၆ ပေ ခွဲကိုယ်လုံးပတ် - ၈ - ပေ အမြီး - ၃ - ပေ ၆ လက်မ ခြေသည်းရှေ့ - ၅ - ပေ ခြေသည်းနောက် - ၄ - ပေ ကျောကုန်းအမျိုးအစား - ငှက်ပျောကိုင်း အရောင် - အနက် ဖြစ်ပြီး ရောဂါတစ်ခုခုဖြင့် သေဆုံးခြင်းဟု ခန့်မှန်းရကာ သေဆုံးအချိန် မှာ လွန်ခဲ့သော ၁၀ ရက်ခန့်မှသေဆုံးခြင်းဖြစ်သည်ဟု ခန့်မှန်းရကာ အသက် မှာ ၁၅ နှစ် ခန့်ဟု သိရသည် ။


ဆင်သေကောင်၏ကျန်ရှိ ရုပ်ကြွင်း အား သစ်တောဌာနမှ ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည် ။

မြို့နယ် ပြန်/ဆက်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဘူးသီးတောင်မြို့နယ် တွင် ဆင်သေတစ်ကောင် တွေ့ရှိ ဘူးသီးတောင်မြို့နယ် တွင် ဆင်သေတစ်ကောင် တွေ့ရှိ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.