သံဖြူဇရပ်တွင် ရော်ဘာသစ်ခွဲသားစက်ရုံ ဝင်းအတွင်းသစ်အခြောက်ခံအခန်းမီးလောင်မှုဖြစ်ပွား


သံဖြူဇရပ် စက်တင်ဘာ ၁၆

သံဖြူဇရပ်-ရေးကားလမ်းဘေး၊မိုင်တိုင်အမှတ်၄၅အနီးတွင်တည်ေ ဆာက်ထားသည့်၊ Dammar PineFamily. ရော်ဘာသစ်ခွဲသား ထုတ်လုပ်ရေးစက်ရုံတွင်ယနေ့နံနက် ၇နာရီ၂၀မိနစ်က၊ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ၊သံဖြူဇရပ်မီးသတ်ဖွဲ့စခန်းမှ မြို့နယ်ဦးစီးမှူးဦးအောင်ကျော်ထွေးဦးစီးသည့်မီးသတ်ယာဉ်လေးစီးမှ ရောက်ရှိမီးငြိမ်းသတ်ခြင်းဆောင်ရွက်ပြီးထပ်မံ၍၊အနီးဝန်းကျင်ကျေးရွာများမှမီးသတ်ယာဉ်များ၊မုဒုံမြို့နှင့်ကွမ်လှာကျေးရွာမှမီးသတ်ယာဉ်များ၊နယ်မြေခံတပ်မှရေသယ်ယာဉ်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှရေသယ်ယာဉ်၊စုစုပေါင်းမီးသတ်ယာဉ်(၁ဝ)စီး ၊ရေသယ်ယာဉ်(၃)စီးတို့နှင့်အတူ၊ပြည်သူများ၊တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာနံနက်၈နာရီခွဲခန့်တွင်မီးကိုထိန်းချုပ်နိုင်ခဲ့သည်၊မီးလောင်မှုဖြစ်ပွားရခြင်းမှာ၊ရော်ဘာသစ်ခွဲသားအစိုများကိုအခြောက်ခံခြင်းပြုလုပ်သည့် HeatingRoom အတွင်းရှိအပူပေးစက်ချို့ယွင်းကာ၊အပူချိန်လွန်ကဲပြီး အတွင်းရှိ ရော်ဘာသစ်ကုန်ကြမ်းများမှတဆင့်မီးစတင်လောင် ခြင်းဖြစ်ကြောင်း သိရပြီး၊အဆိုပါမီးလောင်မှုကြောင့် ၁၆×၄၀ (ပေ)ခန့်Heating Roomသုံးခန်းနှင့် သစ်ကုန်ကြမ်းများမီးလောင် ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။


မီးလောင်မှုဖြစ်ပွားခြင်းကြောင့်၊ စက်ရုံမန်နေဂျာဦးမြင့်ဝေအား၊သံဖြူဇရပ်မြို့မရဲစခန်းမှု အမှုဖွင့်အရေးမှုဆာင်ရွက်ထားကြောင်းသတင်းရရှိသည်။

ကျော်ဝင်း(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
သံဖြူဇရပ်တွင် ရော်ဘာသစ်ခွဲသားစက်ရုံ ဝင်းအတွင်းသစ်အခြောက်ခံအခန်းမီးလောင်မှုဖြစ်ပွား သံဖြူဇရပ်တွင် ရော်ဘာသစ်ခွဲသားစက်ရုံ ဝင်းအတွင်းသစ်အခြောက်ခံအခန်းမီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:56 Rating: 5
Powered by Blogger.